ရေကြောင်းလူငယ်မှ သင်တန်းသားများ သန်လျင်တပ်နယ်နှင့် ရန်ကုန်မြစ်ကြောင်းတစ်လျှောက် လေ့လာရေးခရီးသွားရောက် လေကြောင်းလူငယ် သင်တန်းသားများ လေယာဉ်/ရဟတ်ယာဉ်များ လိုက်ပါပျံသန်း၊ ပြိုင်ပွဲများ ကျင်းပ

 

နေပြည်တော်  မေ ၁၄


တပ်မတော်(ရေ)က ၂၀၂၄ ခုနှစ်   ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများကို    လေ့ကျင့်သင်ကြားလျက်ရှိရာ   ယနေ့ နံနက်ပိုင်းတွင်  စခန်းပေါင်းစုံမှ သင်တန်းသား သင်တန်းသူများသည် သင်တန်းနည်းပြများ၊  သင်တန်းအုပ်ချုပ်သူများနှင့်  တာဝန်ရှိသူများ လိုက်ပါ၍   သန်လျင်တပ်နယ်ရှိ    ရေတပ်လေ့ကျင့်ရေးဌာနချုပ်သို့ ရောက်ရှိကြရာ ဌာနချုပ်မှူးနှင့် တာဝန်ရှိသူများက ကြိုဆို၍ သီရိမဟာ ဇေယျကျော်ထင်ခန်းမ၌  တပ်မတော်(ရေ) Documentary အားပြသ ခဲ့ပြီး ရေကြောင်းပြခန်းနှင့် ဥတ္တရဆောင်ရှိ  စာသင်ခန်းတို့ကို လေ့လာ ခြင်း၊ Torpedo Trainer နှင့်  ရေတပ်အမြောက်များ    လေ့လာခြင်း၊ Welding Simulator ၊ Electrical Trainer နှင့် Cutaway Model များကို လေ့လာခြင်း၊ Damage Control Simulator-Zarmani ကို လေ့လာခြင်း၊  Ship  Handling  Simulator  နှင့်  Engine  Room Simulator  များကို လေ့လာခြင်းနှင့်  သမိုင်းဝင်စစ်ရေယာဉ်(မေယု)တို့ကို    လှည့်လည် ကြည့်ရှုလေ့လာကြရာ  တာဝန်ရှိသူများက  လိုက်လံရှင်းလင်းပြသ ကြသည်။
ထို့နောက် သင်တန်းသား သင်တန်းသူများသည် ရေတပ်သင်္ဘော ကျင်း ဌာနချုပ်သို့ရောက်ရှိကြပြီး  စိတ်ဓာတ်မြှင့်တင်ရေးခန်းမ၊ ရေယာဉ် တည်ဆောက်ရေးလုပ်ငန်းများ၊     လွန်းတင်ပြင်ဆင်လျက်ရှိသော ရေယာဉ်များ၏ ပြုပြင်ရေးဆောင်ရွက်နေမှုများ၊  Ship Lift System ဖြင့်ရေယာဉ်များ လွန်းတင်လွန်းချသည့်စနစ်များနှင့် စက်ရုံ၊ အလုပ်ရုံ များရှိ    တွင်ခုံ၊ ဖောက်ခုံ၊ ရွေပေါ်ခုံများကို    လှည့်လည် ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်း ပြသကြသည်။
မွန်းလွဲပိုင်းတွင်  သင်တန်းသား၊   သင်တန်းသူ များသည် တပ်မတော်(ရေ)မှ စစ်ရေယာဉ် (မုတ္တမ)  ဖြင့်   ရန်ကုန်မြစ်ကြောင်းတစ်လျှောက် လေ့လာရေး သွားရောက်ကြသည်။   လေ့လာရေးခရီးစဉ်တွင် သင်တန်းသား၊  သင်တန်းသူများသည် စစ်ရေယာဉ် ၏ ရေယာဉ်ဆိုင်ရာအချက်အလက်များ၊  လက်နက် နှင့်  လက်နက်စနစ်များ၊  စက်ပိုင်းဆိုင်ရာစနစ်များ၊ ရေကြောင်းသွားလာရေးဆိုင်ရာ    အထွေထွေဗဟု သုတများ၊  ဆက်သွယ်ရေးနှင့်  အီလက်ထရောနစ် ဆိုင်ရာစနစ်များ၊   ရေယာဉ်ခုတ်မောင်းနေစဉ်ဆောင် ရွက်ရမည့်လုပ်ငန်းတာဝန်များနှင့်  အခြားသိသင့် သိထိုက်သည်များကို      စိတ်ပါဝင်စားစွာလေ့လာ ခဲ့ကြပြီး တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသ ခဲ့ကြသည်။
အလားတူ တပ်မတော်(လေ)က ၂၀၂၄ အခြေခံ လေကြောင်းလူငယ်သင်တန်းနှင့်         တန်းမြင့် လေကြောင်းလူငယ်သင်တန်းများကို      ဖွင့်လှစ် သင်ကြားလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် သင်တန်း စခန်း ရှစ်ခုမှ ထူးချွန်ဆုရ သင်တန်းသား၊ သင်တန်းသူ များသည် Grob-120 TP လေယာဉ်နှင့် H-120 ရဟတ်ယာဉ်များအား လေယာဉ်မောင်းသင်ကျောင်း မှ နည်းပြလေသူရဲများနှင့်အတူ  လက်တွေ့လိုက်ပါ ပျံသန်းခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် အဆိုပါသင်တန်းစခန်း ရှစ်ခုမှ သင်တန်းသား၊ သင်တန်းသူများသည် RC လေယာဉ်/  ရဟတ်ယာဉ်မောင်းပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြပြီး   သင်တန်းသားများ၊   အုပ်ချုပ်သူနည်းပြ များ၊ ဆရာ   ဆရာမများနှင့်  တာဝန်ရှိသူများက  ယှဉ်ပြိုင်နေမှုများကို  အားပေးကြည့်ရှုခဲ့ကြသည်။ 
အလားတူ ကျန်သင်တန်းစခန်း ကိုးခုမှ သင်တန်း သား၊ သင်တန်းသူ၊  နည်းပြ/ အုပ်ချုပ်သူများသည် လေ့လာရေးခရီးစဉ်အဖြစ်  ယနေ့  နံနက်ပိုင်းတွင် မြန်မာနိုင်ငံ  လေကြောင်းနှင့်   အာကာသပညာ တက္ကသိုလ်၊ မြေပြင်အတတ်သင်လေတပ်စခန်း ဌာန ချုပ်ရှိ     စက်မှုလက်မှုအတတ်သင်ကျောင်းတို့ကို လည်းကောင်း၊   မွန်းလွဲပိုင်းတွင်     လေကြောင်း အတတ်သင်လေတပ်စခန်းဌာနချုပ်ရှိ    လေယာဉ် မောင်းသင်ကျောင်းနှင့် Aeromedical Centre တို့ ကိုလည်းကောင်း    လေ့လာခဲ့ကြရာ   တာဝန် ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သတင်း ရရှိသည်။                              
သတင်းစဉ်