
နေပြည်တော် မေ ၁၅
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း(၁/၂၀၂၄) စခန်း ပေါင်းစုံမှ သင်တန်းသား သင်တန်း သူများသည် သင်တန်းနည်းပြ များ၊ အုပ်ချုပ်သူများ၊ တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ် သို့ လေ့လာရေးခရီးသွားရောက် ကြသည်။ ဦးစွာ လေကြောင်းနှင့် အာကာသသိပ္ပံ ပညာရပ်များ၊ လေယာဉ်ပျံသန်းမှုနှင့် သက်ဆိုင် သော အထွေထွေဗဟုသုတများ၊ တပ်မတော်(လေ)တွင် အသုံးပြု လျက်ရှိသော လေယာဉ်များ အကြောင်းကို တပ်မတော်(လေ)မှ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသကြသည်။
ရှင်းလင်းပြသ
ထို့နောက် သင်တန်းသား၊ သင်တန်းသူများ လေယာဉ် ပျံသန်းမှု အတွေ့အကြုံရရှိစေရန် တပ်မတော်(လေ)မှ သယ်ယူ ပို့ဆောင်ရေး လေယာဉ်များဖြစ် သော Y-8 လေယာဉ်နှင့် ATR - 72 လေယာဉ်တို့ဖြင့် လက်တွေ့ လိုက်ပါစီးနင်းကြပြီး လေယာဉ် ပျံသန်းစီးနင်းရာတွင် လိုက်နာ ရမည့်အချက်များနှင့် လေကြောင်း ဆိုင်ရာ အတွေ့အကြုံများကို တာဝန်ရှိသူများက လေယာဉ် ပေါ်၌ ရှင်းလင်းပြသခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် လှိုင်မြို့နယ်ရှိ နျူကလီးယား နည်းပညာ သတင်းအချက်အလက်စင်တာ သို့ သွားရောက်လေ့လာကြရာ တာဝန်ရှိသူများက ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားပြီး လေ့လာရေးခရီး လာရောက်ကြ သော ရေကြောင်းလူငယ်သင်တန်း သား၊ သင်တန်းသူများအား ပြခန်း ခန်းမဆောင်တွင် ပြသထားသော နျူကလီးယားနည်းပညာ အသုံး ပြု၍ ရောဂါရှာဖွေမှု(တိုမိုဂရမ်) နမူနာပုံစံ၊ အသေးစားလျှပ်စစ် ဓာတ်အားထုတ် ဓာတ်ပေါင်းဖို အမျိုးအစားတစ်ခုဖြစ်သော RITM- 200 ၏ အတွင်းပိုင်းပါဝင်ပစ္စည်းများနှင့်အလုပ်လုပ်ပုံပြနမူနာပုံစံ၊ ခန္ဓာကိုယ်၏ ဓာတ်ရောင်ခြည် ပမာဏကိုတိုင်းတာပြီး သဘာဝပတ်ဝန်းကျင်ရှိအရာဝတ္ထုပစ္စည်းများတွင်ပါရှိသည့် ဓာတ်ရောင် ခြည်ပမာဏနှင့် နှိုင်းယှဉ်ဖော်ပြ ပေးသည့် Radiometer စက်၊ နျူကလီးယားနည်းပညာဆိုင်ရာ အခြေခံအကြောင်းအရာများကို မေးခွန်းများမေး၍ ဖြေကြားနိုင် သည့် ပဟေဠိဂိမ်းစနစ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေ စသည့် သဘာဝပတ်ဝန်းကျင်ရှိ အရာဝတ္ထု များတွင် ထွက်ရှိလျက်ရှိသော ရေဒီယိုသတ္တိကြွမှုကို တိုင်းတာ ဖော်ပြပေးသည့်စက်၊ နျူကလီး ယား ဓာတ်ပေါင်းဖိုတစ်ခု၏ အတွင်းပိုင်း ပါဝင်ပစ္စည်းများနှင့် အဆင့်ဆင့်တည်ဆောက်ပုံကို 3D Virtual နည်းပညာဖြင့် ပုံဖော်ပြသ သည့်ပုံစံငယ်နှင့် လေအားအသုံး ပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ် သည့် Wind Turbine နမူနာပုံစံ ငယ်တို့အား အသေးစိတ်ရှင်းလင်း ပြောကြားသည်။
လေ့လာကြည့်ရှု
ထို့နောက် ဗီဒီယိုပြခန်းမ ဆောင်တွင် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၏ လုပ်ငန်းဆောင် ရွက်ချက်များကို ဂုဏ်ပြုသရုပ်ဖော် ပြသသည့်သီချင်း MTV ၊ အသေး စား လျှပ်စစ်ဓာတ်အားထုတ် ဓာတ်ပေါင်းဖိုများ၏ အရေးပါမှုနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM ၏ အသေးစားလျှပ်စစ် ဓာတ်အားထုတ် ဓာတ်ပေါင်းဖို တည်ဆောက်မှုအတွေ့အကြုံများ ရှင်းလင်းတင်ပြမှု ဗီဒီယိုပြကွက်၊ နျူကလီးယားနှင့်ဓာတ်ရောင်ခြည် ဆိုင်ရာ အခြေခံအကြောင်းအရာ များကို မြန်မာဘာသာဖြင့် ရှင်းလင်း ပြောကြားထားသည့်ပြကွက်များ၊ ပိုစတာပြခန်းတွင် နျူကလီးယား နည်းပညာဖြင့် ကျန်းမာရေး၊ စွမ်းအင်ထုတ်လုပ်ရေး၊ ပညာရေး၊ စက်မှုလုပ်ငန်းနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းစောင့်ရှောက်ရေး ကဏ္ဍအသီးသီးတွင် လက်တွေ့ ကျကျ အသုံးပြုနေခြင်းဆိုင်ရာ ပိုစတာများကို လေ့လာကြည့်ရှု ခဲ့ကြသည်။
အလားတူ တပ်မတော်(လေ)က ၂၀၂၄ အခြေခံလေကြောင်း လူငယ်သင်တန်းနှင့် တန်းမြင့် လေကြောင်းလူငယ်သင်တန်းများ ကို ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် သင်တန်း စခန်း ကိုးခုမှ ထူးချွန်ဆုရသင်တန်း သားများသည် Grob - 120 TP လေယာဉ်နှင့် H - 120 ရဟတ် ယာဉ်များအား လေယာဉ်မောင်း သင်ကျောင်းမှ နည်းပြလေသူရဲ များနှင့်အတူ လက်တွေ့လိုက်ပါ ပျံသန်းခြင်းကို ဆောင်ရွက်ခဲ့ကြ သည်။
မွန်းလွဲပိုင်းတွင် အဆိုပါ သင်တန်းစခန်း ကိုးခုမှ သင်တန်း သားများသည် RC လေယာဉ် / ရဟတ်ယာဉ်မောင်း ပြိုင်ပွဲများ ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး သင်တန်းသားများ၊ အုပ်ချုပ်သူ နည်းပြများ၊ ဆရာ ဆရာမများနှင့် တာဝန်ရှိသူများက ယှဉ်ပြိုင်နေမှု များကို အားပေးကြည့်ရှုခဲ့ကြ သည်။
အလားတူ ကျန်သင်တန်း စခန်း ရှစ်ခုမှ သင်တန်းသား၊ နည်းပြ / အုပ်ချုပ်သူများသည် လေ့လာရေးခရီးစဉ်အဖြစ် နံနက် ပိုင်းတွင် မြန်မာနိုင်ငံလေကြောင်း နှင့် အာကာသပညာတက္ကသိုလ်၊ မြေပြင်အတတ်သင် လေတပ် စခန်းဌာနချုပ်ရှိ စက်မှုလက်မှု အတတ်သင် ကျောင်းတို့ကို လည်းကောင်း၊ မွန်းလွဲပိုင်းတွင် လေကြောင်းအတတ်သင် လေတပ် စခန်းဌာနချုပ်ရှိ လေယာဉ်မောင်း သင်ကျောင်းနှင့် Aeromedical Centre တို့ကို လည်းကောင်း အသီးသီးလေ့လာခဲ့ကြရာ တာဝန် ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်