ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများနှင့် မဲဆန္ဒရှင်ပြည်သူများက လက်ခံသည့် မှန်ကန်မျှတသည့် ရွေးကောက်ပွဲများကျင်းပနိုင်ရေးဆောင်ရွက်နေမှုကိစ္စရပ်များ ဆွေးနွေး

 

နေပြည်တော်   မတ်   ၇


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ        ဦးသိန်းစိုးသည် မြန်မာနိုင်ငံဆိုင်ရာ  တရုတ်ပြည်သူ့သမ္မတနိုင်ငံ  သံအမတ်ကြီး  H.E. Mr. Chen Hai    ဦးဆောင်သောအဖွဲ့ကို    ယနေ့ မွန်းလွဲ  ၁  နာရီတွင် နေပြည်တော်ရှိ  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး  ဧည့်တွေ့ ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

 


တွေ့ဆုံစဉ်  တရုတ်သံအမတ်ကြီးက  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့်အညီ   ရွေးကောက်ပွဲကျင်းပနိုင်ရေး  ပြင်ဆင်ဆောင်ရွက်နေမှု၊ နိုင်ငံရေးပါတီများနှင့်စပ်လျဉ်းသည့် အခြေအနေ၊ တည်ငြိမ်အေးချမ်းစွာ ဖြင့်  လွတ်လပ်၍တရားမျှတသော  ရွေးကောက်ပွဲကျင်းပနိုင်မည့် အခြေ အနေများနှင့် စပ်လျဉ်း၍ သိလိုသည်များကို မေးမြန်းသည်။

 


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက  ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု၊ နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊   နည်းဥပဒေများပြဋ္ဌာန်းခဲ့မှု၊   နိုင်ငံရေး ပါတီများတည်ထောင်ခွင့်၊ မှတ်ပုံတင်ခွင့် လာရောက်လျှောက်ထားမှုနှင့် စိစစ်ဆောင်ရွက်နေမှု၊ လာမည့်ရွေးကောက်ပွဲများတွင် အီလက်ထရောနစ် မဲပေးစက်  အသုံးပြုနိုင်ရေးဆောင်ရွက်နေမှု၊  အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးဆောင်ရွက်မည့်အခြေအနေ၊   ရွေးကောက်ပွဲတွင်  ဝင်ရောက် ယှဉ်ပြိုင်မည့်  နိုင်ငံရေးပါတီများနှင့်   မဲဆန္ဒရှင်ပြည်သူများက လက်ခံ သည့် မှန်ကန်မျှတသည့် ရွေးကောက်ပွဲများကျင်းပနိုင်ရေး  ဆောင်ရွက် နေမှု၊ ဆန္ဒမဲပေးခွင့်ရှိသူများ ဥပဒေနှင့်အညီ  မဲပေးနိုင်ရေးဆောင်ရွက် နေမှုများကို  ရှင်းလင်းပြောကြားခဲ့ပြီး  နိုင်ငံရေးပါတီဆိုင်ရာ ကိစ္စရပ် များနှင့် ရွေးကောက်ပွဲကျင်းပနိုင်ရေးတို့ကို  ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။

 


တွေ့ဆုံပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 


သတင်းစဉ်