ရွေးကောက်ပွဲပွင့်လင်းမြင်သာမှုရှိရေးအတွက် မဲစာရင်းပြုစုခြင်းနှင့် စိစစ်ခြင်းလုပ်ငန်းများတွင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်အဖွဲ့များ ပါဝင်ဆောင်ရွက်ခွင့်ပြုသွားမည်

 

ရန်ကုန်   ဇူလိုင်   ၂၀
ပြည်ထောင်စုရွေးကောက်ပွဲ     ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည် မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်သော ပဲခူးတိုင်းဒေသကြီးနယ်မြေအခြေစိုက်   ဖက်ဒရယ်ဒီမို ကရက်တစ်ပါတီ၊ ရန်ကုန်တိုင်းဒေသကြီးနယ်မြေ အခြေစိုက် ပြည်သူ့အလုပ်သမားပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမား   ဖွံ့ဖြိုးတိုးတက်ရေးပါတီ (Myanmar Farmers’ Development Party)၊ ရှမ်း နှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူ ပါတီ)၊ ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီ ပါတီသစ်နှင့်      ဧရာဝတီတိုင်းဒေသကြီးနယ်မြေ အခြေစိုက် ကရင်ပြည်သူ့ပါတီ (KPP) တို့မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ လွှတ်တော်အဆောက်အအုံရှိ ပုလဲခန်းမ၌ တွေ့ဆုံ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေ များနှင့်အညီ ပါတီလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို စစ်ဆေးသည်။
ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေး ပါတီများအနေဖြင့် ထုတ်ပြန်ထားရှိသော နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့် အညီ  လိုက်နာဆောင်ရွက်သွားရန်၊   ဥပဒေအရ သတ်မှတ်ထားသည့်  နိုင်ငံရေးပါတီများ မှတ်ပုံတင် ခွင့်ပြုသည့်နေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း စုစည်းရမည့်   ပါတီဝင်အင်အား    ပြည့်မီအောင် စုဆောင်းရေးနှင့် ရက်ပေါင်း ၁၈၀ အတွင်း ဖွင့်လှစ် ရမည့်   နိုင်ငံရေးပါတီများ၏    မြို့နယ်ပါတီရုံးများ ဖွင့်လှစ်နိုင်ရေးနှင့် ဖွင့်လှစ်ရာတွင်လည်း သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးဌာနတို့မှ        ခွင့်ပြုချက်တောင်းခံ ဆောင်ရွက်ရန်၊ မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေး ပါတီများကို မြို့နယ်ရုံးများ ဖွင့်လှစ်ပြီးပါက မြို့နယ် ပါတီရုံးဖွဲ့စည်းမှုများကို    စနစ်တကျဖွဲ့စည်းပုံနှင့် တာဝန်ပေးထားရန်၊ မြို့နယ်ပါတီရုံးများ ဖွင့်လှစ်ပြီး ပါက    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန၊ စာရင်းစစ်ဌာနတို့မှ   ပူးပေါင်းပြီး စစ်ဆေးရန်ရှိသဖြင့်    ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိရန်၊ ပါတီအလံနှင့်ဆိုင်းဘုတ်များကို သတ်မှတ် ချက်နှင့်အညီ စနစ်တကျလိုက်နာဆောင်ရွက်သွား ရန်၊ ပါတီ၏  ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများကို ညွှန်ကြားချက်နှင့်အညီ  ရေးဆွဲဆောင်ရွက်သွားရန်၊ ပါတီဝင်များကိုင်ဆောင်ထားသည့်    သုံးခေါက်ချိုး အမျိုးသားမှတ်ပုံတင်ကတ်ပြားများကို နိုင်ငံသားစိစစ် ရေးကတ်များနှင့်    အစားထိုးလဲလှယ်နိုင်ရေးနှင့် အချက်အလက်မှားယွင်းကွဲလွဲမှုများရှိက သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန များနှင့် ဆက်သွယ်ဆောင်ရွက်သွားရန်၊ စည်းရုံးရေး ကာလအတွင်း ပြည်သူများအနှောင့်အယှက်မဖြစ်စေ ရေး သတိပြုအလေးထား   ဆောင်ရွက်သွားကြရန်၊ လာမည့်ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးသွားမည်ဖြစ်၍ မိမိပါတီကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက် ခံရရန် အခွင့်အလမ်းပိုမိုရရှိလာနိုင်သည်ဖြစ်၍ ခိုင်မာ အားကောင်းသည့်နိုင်ငံရေးပါတီများအဖြစ် ပြင်ဆင် တည်ဆောက်ထားကြရန်၊   ရွေးကောက်ပွဲပွင့်လင်း မြင်သာမှုရှိရေးအတွက် မဲစာရင်းပြုစုခြင်းနှင့် စိစစ် ခြင်းလုပ်ငန်းများတွင် နိုင်ငံရေးပါတီများမှ ကိုယ်စား လှယ်အဖွဲ့များ ပါဝင်ဆောင်ရွက်ခွင့်ပြုသွားမည်ဖြစ် ၍  ရွေးကောက်ပွဲအောင်မြင်ရေး    ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန်နှင့် လာမည့်ရွေးကောက်ပွဲ တွင် EVM (Electronic Voting Machine) စက်ဖြင့် မဲပေးနိုင်ရေး  ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပါတီများမှတာဝန်ရှိသူများက ပါတီ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်း တင်ပြကြသည်။
တွေ့ဆုံပွဲသို့      ပြည်‌ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်း၊ ဦးအောင်စောဝင်း၊ ဦးစိုးဦး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ရုံး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီ ၇ ပါတီ မှ   ဥက္ကဋ္ဌနှင့်     ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။     သတင်းစဉ်