ရွေးကောက်ပွဲကျင်းပသည့်အခါ လုပ်ငန်းစဉ်များအလိုက် ဆောင်ရွက်ရမည့်တာဝန်များကိုသိရှိပြီး ကြိုတင်ပြင်ဆင်ဆောင်ရွက်

 

နေပြည်တော်   ဩဂုတ်  ၂၅  


ပြည်ထောင်စုရွေးကောက်ပွဲ      ကော်မရှင်ရုံးနှင့် ကော်မရှင်အဖွဲ့ခွဲရုံးအဆင့်ဆင့်တို့တွင်     တာဝန် ထမ်းဆောင်မည့်   ဒုတိယဦးစီးမှူးများ   လုပ်ငန်းခွင် အကြို  စွမ်းရည်မြှင့်သင်တန်းအမှတ်စဉ် ( ၅ / ၂၀၂၂) ဖွင့်ပွဲကို  ယနေ့နံနက် ၉ နာရီခွဲတွင်  နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေး ( ရွာတော် )  ဆင်ဖြူရှင် ခန်းမ၌ ကျင်းပသည်။

 


သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက   သင်တန်းသားများ အနေဖြင့် ကော်မရှင်၊  ရွေးကောက်ပွဲတို့နှင့်ပတ်သက် ပြီး      သိရှိထားရန်လိုကြောင်း၊    ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဆိုသည်မှာ   ရွေးကောက်ပွဲ များကို တာဝန်ယူကြီးကြပ်ကျင်းပပေးရသည့်  အဖွဲ့ အစည်းဖြစ်ကြောင်း၊  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ဆောင်ရွက်ရမည့်      တာဝန်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်  ဥပဒေတွင် ပြဋ္ဌာန်းထားပြီး  အဓိကအားဖြင့်     တာဝန် (၃)  မျိုး တွေ့ရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲများကို ကျင်းပ ပေးရန်၊   နိုင်ငံရေးပါတီများကို    ဥပဒေနှင့်အညီ ဆောင်ရွက်စေရေးအတွက်      ကြီးကြပ်ပေးရန်နှင့် ရွေးကောက်ပွဲကန့်ကွက်လွှာများကို   ရွေးကောက်ပွဲ ခုံအဖွဲ့များဖွဲ့စည်းပြီး    စစ်ဆေးရန်တို့ဖြစ်ကြောင်း၊ အဓိကအချက်မှာ ရွေးကောက်ပွဲကိုအောင်မြင်အောင် ဆောင်ရွက်ရန်ဖြစ်ကြောင်း။

 


မိမိတို့နိုင်ငံတွင် လွှတ်တော်ဖွဲ့စည်းမှုအနေနှင့် လွှတ်တော် (၃) ရပ်ရှိကြောင်း၊    ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊   တိုင်းဒေသကြီး  သို့မဟုတ် ပြည်နယ်လွှတ်တော်တို့ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ နှင့်စပ်လျဉ်းပြီး   လွှတ်တော်တစ်ရပ်ချင်းအတွက် ဥပဒေ၊   နည်းဥပဒေများ    ပြဋ္ဌာန်းထားကြောင်း၊ ရွေးကောက်ခံမည့်  လွှတ်တော်ကိုယ်စားလှယ်လောင်း ဆိုရာတွင်လည်း   နိုင်ငံရေးပါတီများကို ကိုယ်စား ပြုသည့်      လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် တစ်သီးပုဂ္ဂလ   လွှတ်တော်ကိုယ်စားလှယ်လောင်း ဟူ၍ရှိကြောင်း၊  နိုင်ငံရေးပါတီများကို ကိုယ်စားပြု သည့်  လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် သက်ဆိုင်ရာနိုင်ငံရေးပါတီများမှ ရွေးချယ်ထားသောပုဂ္ဂိုလ်များဖြစ်ကြောင်း။

 


ရွေးကောက်ပွဲများ  ကျင်းပရာတွင်  အထွေထွေ ရွေးကောက်ပွဲနှင့်     ကြားဖြတ်ရွေးကောက်ပွဲဟူ၍ ရှိကြောင်း၊    အထွေထွေရွေးကောက်ပွဲဆိုသည်မှာ လွှတ်တော်များ  သက်တမ်းတစ်ခုကုန်ဆုံးချိန်တွင် နောက်လွှတ်တော်များဖွဲ့စည်းနိုင်ရန်    လွှတ်တော် ကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက်ရန် အတွက် ကျင်းပပေးသော  ရွေးကောက်ပွဲဖြစ်ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲဆိုသည်မှာ    လွှတ်တော် သက်တမ်းတစ်ရပ်အတွင်းတွင်  အကြောင်းအမျိုးမျိုး ကြောင့် လစ်လပ်သွားသည့် လွှတ်တော်ကိုယ်စားလှယ် များနေရာတွင် အစားထိုးတာဝန်ပေးနိုင်ရန်အတွက် ရွေးကောက်တင်မြှောက်သည့်      ရွေးကောက်ပွဲ ဖြစ်ကြောင်း။

 


ရွေးကောက်ပွဲကျင်းပရာတွင်    ကာလအားဖြင့် အပိုင်း ၃ ပိုင်းတွေ့ရှိမည်ဖြစ်ကြောင်း၊   ရွေးကောက်ပွဲ မတိုင်ခင် (အကြို) ကာလ၊   ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲလွန် (နှောင်းပိုင်း)   ကာလတို့   ဖြစ် ကြောင်း၊       ကာလအပိုင်းအခြားတစ်ခုတိုင်းတွင် လုပ်ငန်းစဉ်များစွာရှိပြီး    ရွေးကောက်ပွဲတစ်ခုနှင့် တစ်ခုကြား   စက်ဝန်းတစ်ခုကဲ့သို့  စဉ်ဆက်မပြတ် ဆောင်ရွက်ရကြောင်း၊  သင်တန်းတွင်  လုပ်ငန်းစဉ် အလိုက်  ဆောင်ရွက်နိုင်ရန်  သင်ကြားပို့ချသွားမည်ဖြစ် ကြောင်း၊  ဒုတိယဦးစီးမှူးဆိုသည်မှာ  ဦးစီးအရာရှိ များအား    အဓိကအထောက်အကူပြုရသောသူများ ဖြစ်သည့်အတွက်       ကိုယ်တိုင်သိရှိကျွမ်းကျင်မှ သာ    အပြည့်အဝ      အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း။

 


ရွေးကောက်ပွဲများနှင့်ပတ်သက်၍  ရွေးကောက်ပွဲ ကော်မရှင်သည်  အဓိကတာဝန်ယူရသည့်အဖွဲ့အစည်း ဖြစ်သည့်အားလျော်စွာ  ကော်မရှင်၏လုပ်ဆောင်ချက်၊ ဆောင်ရွက်ချက်များသည်   ချွတ်ချော်မှုများဖြစ်ခဲ့ပါက ကော်မရှင်၏သိက္ခာ၊  နိုင်ငံ၏သိက္ခာကို ထိခိုက်မှာဖြစ် ကြောင်း၊    ချွတ်ချော်မှားယွင်းမှုမရှိစေရန်       မိမိ ဆောင်ရွက်ရမည့်            လုပ်ငန်းတာဝန်ပိုင်းမှာ ကျွမ်းကျင်ပိုင်နိုင်နေရန်လိုကြောင်း၊   ရွေးကောက်ပွဲ ကျင်းပသည့်အခါ   လုပ်ငန်းစဉ်များအလိုက် ဆောင် ရွက်ရမည့်တာဝန်များကိုသိရှိပြီး  ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်ရန်   အလေးအနက်ထား   လေ့လာ သင်ယူကြရန် မှာကြားသည်။

 


အဆိုပါသင်တန်းဖွင့်ပွဲသို့         ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပြီး သင်တန်းကို  ဩဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၅ ရက်အထိ   ဖွင့်လှစ်ပို့ချသွားမည်ဖြစ် ကြောင်း သိရသည်။             '     
 

သတင်းစဉ်