ရွှေစင်တုံးနှင့် ရွှေစင်ခဲ ဈေးပြိုင်တင်ဒါစနစ်ဖြင့် ရောင်းချပေးမည်

နေပြည်တော် အောက်တိုဘာ ၅ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းမရှိ မြန်မာ့ကျောက်မျက်ရတနာပြတိုက် (ရန်ကုန်) နှင့် မန္တလေးတိုင်း ဒေသကြီး မန္တလေးမြို့ ၂၆ လမ်းနှင့် ၆၆ လမ်းထောင့်ရှိ Star Mart Mandalay တို့တွင် ရွှေစင်တုံးနှင့် ရွှေစင်ခဲ သုံးပိဿာစီကို အောက် တိုဘာ ၆ ရက် မွန်းလွဲ ၁ နာရီမှ ၃ နာရီအတွင်း သတ်မှတ်ထားသော တင်ဒါပုံစံဖြည့်စွက်လျက် ဈေးပြိုင်တင်ဒါစနစ်ဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ရောင်းချ ပေးမည်ဖြစ်သည်။ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ နေပြည် တော် (ရုံးချုပ်)၊ မြန်မာ့ကျောက်မျက်ရတနာပြတိုက် (ရန်ကုန်) နှင့် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ မန္တလေး စခန်းရုံးတို့တွင် အသေးစိတ်အချက်အလက်များကို စုံစမ်းနိုင် ကြောင်းနှင့် ရွှေဒင်္ဂါးပြားများ ရောင်းချခြင်းကိုလည်း ယခင်အတိုင်း ဆက်လက်ရောင်းချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ သတင်းစဉ်