
နေပြည်တော် ဒီဇင်ဘာ ၂၂
နိုင်ငံတော်အတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေး တို့ကို ပျက်ပြားစေရန်ရည်ရွယ်၍ NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက လုံခြုံရေးတပ်ဖွဲ့ဝင်များအား ချောင်းမြောင်း တိုက်ခိုက်ခြင်း၊ ရဟန်းသံဃာများ၊ အစိုးရဝန်ထမ်းများ နှင့် ဒေသခံပြည်သူများအား ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ ဖမ်းဆီး သတ်ဖြတ်ခြင်း၊ အများပြည်သူအသုံးပြု သွားလာလျက်ရှိသည့် လမ်း တံတားများနှင့် ယာဉ်များ၊ အဆောက်အဦများကို မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များအား လိုင်စင်မဲ့ယာဉ်များ အသုံးပြု၍ လုပ်ဆောင်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် အကြမ်း ဖက်မှုကိုမလိုလားသည့် ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ ကြန့်ဆိပ်ကျေးရွာ၏ မြောက်ဘက် မီတာ ၃၀၀ ခန့်အကွာ၌ စောင့်ဆိုင်း နေစဉ် ယနေ့နံနက် ၁၁ နာရီ မိနစ် ၅၀ ခန့်တွင် တောင်ကြားကျေးရွာဘက်မှ ကြန့်ဆိပ် ကျေးရွာဘက်သို့ မောင်းနှင်လာသည့် Misubishi အမျိုး အစား လိုင်စင်မဲ့မော်တော်ယာဉ်ပေါ်၌ လက်နက်များ ကိုင်ဆောင်ထား သည့် PDF အမည်ခံအကြမ်းဖက်သမားများအားတွေ့ရှိရသဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ရာ အကြမ်းဖက်သမားအမျိုးသား သုံးဦးအား ၁၂ ဗို့သေနတ် တစ်လက်၊ ၎င်းကျည် ၁၄ တောင့်၊ လက်လုပ်သေနတ် တစ်လက်၊ လက်လုပ်မိုင်း လေးလုံး၊ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီးတို့နှင့်အတူ အသေပစ်ခတ် ဖမ်းဆီးရမိခဲ့သည်။
အကြမ်းဖက် လုပ်ရပ်များကိုကျူးလွန်လျက်ရှိသည့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်း ဖက်လုပ်ရပ်များကို ဒေသခံပြည်သူများက ရွံရှာမုန်းတီးလျက်ရှိ ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ အကြမ်းဖက်သမားများ၏ လှုပ်ရှားမှုသတင်းများ ရရှိ ပါက နီးစပ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာ သတင်းပေးပို့ နိုင်ရန်နှင့် ရပ်ရွာတည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူတစ်ရပ်လုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးနိုင်ပါရန် တိုက်တွန်းထားကြောင်း သိရသည်။
သတင်းစဉ်