
နေပြည်တော် မေ ၁၅
မကွေးတိုင်းဒေသကြီး ရေစကြို မြို့နယ် ကိုင်းမကြီးကျေးရွာကို လုံခြုံရေး ပူးပေါင်းတပ်ဖွဲ့ဝင်များ က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဝင်ရောက်စီးနင်းပြီး နေအိမ် ကိုးလုံးကို မီးရှို့ဖျက်ဆီးကာ နွား များကို ပစ်သတ်ခဲ့ကြကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများ ကလုံခြုံရေးတပ်ဖွဲ့များအပေါ်အထင် အမြင်လွဲမှားစေရန်အတွက် မဟုတ် မမှန်လုပ်ကြံရေးသားပြီး ဝါဒ ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
နယ်မြေလုံခြုံရေး ဆောင်ရွက်ခဲ့ခြင်း မရှိ
အဆိုပါသတင်းနှင့် ပတ်သက် ၍ သက်ဆိုင်ရာ လုံခြုံရေးတာဝန် ရှိသူတစ်ဦး၏ ပြောကြားချက်အရ ၎င်းရက်နေ့တွင် ရေစကြိုမြို့နယ် ကိုင်းမကြီးကျေးရွာနှင့် အနီး ဝန်းကျင်များတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံ ရေး ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း သိရှိရသည်။
ဝါဒဖြန့်ဝေနေခြင်းသာဖြစ်
တရားမဝင်ပြည်ဖျက်မီဒီယာ များသည် သတင်းအမှန်များ ရေးသားထုတ်လွှင့်ခြင်း မရှိဘဲ သတင်းတု၊ သတင်းအမှားများဖြင့် သာ ပြည်သူများကို သတင်း အဆိပ်ခတ်လျက်ရှိပြီး နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုကို ပျက်ပြား စေမည့် တစ်ဖက်သတ်စွပ်စွဲ ရေးသားချက်များကိုသာ ရည်ရွယ် ချက်ရှိရှိ ရေးသားဖြန့်ဝေနေပြီး ဝါဒဖြန့်ဝေနေခြင်းသာ ဖြစ် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်