ရေဘူးထဲမှ စမ်းရေကြည်

 

ရေဘူးထဲမှ စမ်းရေကြည်

(၁)
v    မတ်လ၏နေ၊ ပူလွန်းပေ၏ 
    ရွက်ကြွေမြေခ၊ တံလျှပ်ထရင်း 
    လတပေါင်းမှာ၊ ကူးပြောင်းခါဝယ် 
    သွားလာလှုပ်ရှား၊ မောင်စစ်သားတို့ 
    များလှဝန်တာ၊ ထမ်းရွက်ပါသည် 
    ကာလရှည်ကြာ ရှိခဲ့ပြီ။ 
    ခုနစ်ဆယ့်ရှစ်နှစ်တိုင်တိုင် ကြာခဲ့ပြီ...။ 
(၂)
v    တစ်ရက်သောခါ၊ တိုက်ပွဲမှာဖြင့်
    ပစ်ဟာခတ်ဟ၊ တိုက်ခိုက်ကြရင်း 
    ကျရောက်ပေါက်ကွဲ၊ ဗုံးဆန်ဝဲ၍ 
    ပြေးဆဲလွှားဆဲ၊ ကွင်းပြင်ထဲဝယ် 
    လဲကျသွားရာ၊ လူငယ်မှာဖြင့် 
    လွတ်ရာဆွဲထား၊ ဖေးကူသွားရင်း 
    စစ်သားကြီးမှာ ကျည်ခရှာ.....။
(၃) 
v    သို့ပါသော်ငြား၊ မဲ့မသွားဘဲ
    ကြောက်အားပိုသေး၊ လူငယ်လေးအား
     “သားမကြောက်နဲ့၊ ဦးလေးရှိသကွဲ့”
    ရခဲ့ဒဏ်ရာ၊ ပြုစုပါရင်း
    မှာလည်းမှာရင်း၊ အန္တရာယ်တွင်းမှ
    ချက်ချင်းခေါ်ကာ၊ ပွေ့ထူပါခဲ့ 
    ဘေးမှာချိတ်ဆွဲ၊ ရေဘူးထဲမှ 
    သောက်ဆဲရေအေး တစ်မော့လေး။ 
    ကြောက်စိတ်ပြေကာ ရင်မှာအေး။
(၄)  
v    ထိုဥပမာအား၊ သဘောထား၍ 
    များစွာဒုက္ခ၊ ရောက်ခဲ့ကြသော် 
    မိဘမသွေ၊ ပြည်သူတွေကို 
    ရေအေးအေးလေး၊ မျှတိုက်ကျွေး၍
    အရေးကြုံလာ၊ ကူညီပါရင်း 
    ကျကာချောက်တွင်း၊ မသက်ဆင်းအောင် 
    ရင်းကာအသက်၊ ပေးဆပ်လျက်ဖြင့် 
    ဆက်၍ဆက်၍ ချီတက်မည်။ 
    ခုနစ်ဆယ့်ရှစ်မှသည် သက်သေတည်။ 

ရဲမင်းစိုး

(၇၈) နှစ်မြောက်တပ်မတော်နေ့အား ဂုဏ်ပြုလျက်