
နေပြည်တော် ဧပြီ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို မြို့နယ် ချီပါကျေးရွာရှိ နေအိမ်များ ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သည့်ဖြစ်စဉ် ဧပြီ ၂၄ ရက်တွင် ဖြစ်ပွားခဲ့ကြောင်း မဟုတ်မမှန် စွပ်စွဲရေးသားထား သည့် သတင်းတု၊ သတင်းအမှား များဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အပေါ် အထင်အမြင်လွဲမှားစေရန် အတွက် တရားမဝင်ပြည်ဖျက် မီဒီယာ Khit Thit က လုပ်ကြံ ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိ ရသည်။
အဆိုပါသတင်းနှင့် ပတ်သက် ၍ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ PDF အမည်ခံ အကြမ်းဖက် သမားများသည် ရွှေဘို - ဆိပ်ခွန် - မူးကမ်းကြီး လမ်းပိုင်းတွင် ကုန်စည်စီးဆင်းမှု ပြုလုပ်နေသည့် ကုန်ကားများနှင့် ခရီးသွားပြည်သူများကို ငွေကြေး ကောက်ခံခြင်း၊ ဖမ်းဆီးနှိပ်စက် ခြင်းများ ပြုလုပ်လျက်ရှိသည့် အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ မှ ပြည်သူများအဆင်ပြေချောမွေ့ စွာသွားလာနိုင်ရေး ၎င်းကျေးရွာ အနီးတစ်ဝိုက်တွင် နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ နယ်မြေလုံခြုံရေးဆောင် ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင် များကို အကြမ်းဖက်သမားများ က လက်လုပ်လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ရမ်းသန်းပစ်ခတ် ခဲ့ရာ ချီပါကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် များ မီးလောင်ပျက်စီးခဲ့ရခြင်းဖြစ် ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ က မီးရှို့ဖျက်ဆီးခဲ့သည် ဆိုသည် မှာ မှန်ကန်မှုမရှိကြောင်း သိရှိရ သည်။
ထိုသို့ ပြည်သူများကို ဖမ်းဆီး နှိပ်စက်ပြီး အကြမ်းဖက်လုပ်ရပ် များကို လုပ်ဆောင်နေသည့် အကြမ်းဖက်သမားများက ၎င်းတို့ ၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များ အပေါ် အပြစ်ပုံချရန် လူမှု ကွန်ရက်စာမျက်နှာများမှတစ်ဆင့် တစ်ဖက်သတ်စွပ်စွဲရေးသားထား သည့် သတင်းတု၊ သတင်းအမှားများ ကို ပြည်သူများ အထင်အမြင် လွဲမှားစေရန် လုပ်ကြံရေးသား နေခြင်းသာဖြစ်ကြောင်း သတင်း ရရှိသည်။ သတင်းစဉ်