ရွှေဘိုမြို့၌ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်​ရေးအတွက် လူငယ်စကားဝိုင်း ကျင်းပ

 

​ရွှေဘို    ဇူလိုင်    ၂၂


ရွှေဘိုခရိုင်     ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး     ဦးစီးဌာန နှင့်    အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍  လူငယ်စကားဝိုင်းကို အမှတ်(၅) အခြေခံပညာ အထက် တန်းကျောင်းခန်းမ၌  ယမန်နေ့  နံနက်က ကျင်းပသည်။


ဦးစွာ      ခရိုင်ပညာရေးမှူး      ကိုယ်စား လက်​ထောက်ညွှန်ကြား ​ရေးမှူး      ဦးအောင်​ကျော်စိုးက အမှာစကားပြောကြားပြီး   ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊      လက်ထောက်   ညွှန်ကြား​ရေးမှူး ဒေါ်အေးမြမွန်က       လူငယ်များအနေဖြင့်   အသိပညာ ဗဟုသုတများ    ပိုမိုကြွယ်ဝစွာ    ရရှိစေရန်နှင့်  ရရှိပြီးသား  အသိ ပညာဗဟုသုတများကို  ပြန်လည် မျှဝေပေးခြင်း၊  ပရိသတ်များရှေ့၌   ထွက်ပြီး စကားပြောသည့် အတတ် ပညာ    ကျွမ်းကျင်လာစေရန်၊   လူငယ်အချင်းချင်း   ရင်းနှီးမှုများ ရရှိပြီး ပူးပေါင်းဆောင်ရွက်တတ် သည့် အလေ့အကျင့်ကောင်းများ  ရရှိခြင်းနှင့်   ဗလငါးတန်ပြည့်ဝ သည့်လူငယ်၊ လူရွယ်များပေါ်ထွက် လာစေခြင်း စသည့်ရည်ရွယ်ချက် များဖြင့်   လူငယ်စကားဝိုင်းများ ကျင်းပ​ပေးရခြင်း    ဖြစ်​ကြောင်း ပြောကြားသည်။ 


အခမ်းအနားသို့​ ကျောင်းသား​ကျောင်းသူ ၁၇၀ တက်​ရောက်ခဲ့ ပြီး   ပြန်ကြားရေးနှင့်   ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ    အသိ ပညာပေး   နံရံကပ်စာစောင်များ နှင့်   သုတ၊  ရသ  စာအုပ်များကို   ပြသထားရာ      ကျောင်းသား ကျောင်းသူများက   စိတ်ပါဝင်စား စွာ    ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။          

ခရိုင်(ပြန်/ဆက်)