ရွှေဘိုခရိုင်အနေဖြင့် ယခုနှစ်တွင်ကြက်သွန်နီ ၁၃၇၅၆ ဧက စိုက်ပျိုးပြီး တစ်ဧကလျှင် ၄၅၇၉ ဒသမ ၃၅ ပိဿာနှုန်း ထွက်ရှိသဖြင့် စုစုပေါင်း ၆၂၉၉၃၅၄၅ ပိဿာ၊ ကြက်သွန်ဖြူ ၆၉၈၉ ဧက စိုက်ပျိုးပြီး တစ်ဧကလျှင် ၂၈၉၄ ဒသမ ၀၂ ပိဿာနှုန်း ထွက်ရှိသဖြင့် စုစုပေါင်း၂၀၂၂၆၃၃၄ ပိဿာ ထွက်ရှိခဲ့သည်။
ရွှေဘိုခရိုင်တွင် ဩဂုတ်လ တတိယပတ်၌ ကြက်သွန်နီတစ်ပိဿာ လျှင် ငွေကျပ် ၂၃၀ဝ နှင့် ကြက်သွန်ဖြူတစ်ပိဿာလျှင် ငွေကျပ် ၄၀၀ဝ ပေါက်ဈေးရှိခဲ့ရာမှ ယခုအခါ ကြက်သွန်နီနှင့် ကြက်သွန်ဖြူ စိုက်ပျိုးမှု များသည့် ရွှေဘိုမြို့နယ်အရှေ့ဘက်ခြမ်းရှိကျေးရွာများ၊ ခင်ဦးမြို့နယ်နှင့် ရေဦးမြို့နယ်တို့မှ သိုလှောင်ထားသည့် ပစ္စည်းလက်ကျန်များ ရွှေဘိုမြို့ သို့ ဝင်ရောက်လာခြင်း၊ ဝါတွင်းကာလဖြစ်သည့်အတွက် အရောင်း အဝယ်ပါးသဖြင့် ဈေးနှုန်းများ တည်ငြိမ်လျက်ရှိကြောင်း သတင်းရရှိ သည်။
DOCA (စစ်ကိုင်း)



