ရွှေဘို-မြစ်ကြီးနားလမ်း လွှဲခမ်းတောင် အန္တရာယ်ကွေ့ တောင်ပြိုမြေဖယ်ရှားခြင်းနှင့် ကျောက်စီရေမြောင်းတည်ဆောက်ခြင်းလုပ်ငန်း ပြီးစီး

 

မိုးညှင်း ဒီဇင်ဘာ ၃၁


ကချင်ပြည်နယ်  မိုးညှင်းမြို့နယ် ရွှေဘို - မြစ်ကြီးနားလမ်းမကြီး ပေါ်ရှိ မော်ဟန်ကျေးရွာ လွမ်းစေတီ အနီး လွှဲခမ်းတောင် အန္တရာယ်(S) ကွေ့တွင်  တောင်ပြိုမြေဖယ်ရှား ခြင်းလုပ်ငန်းနှင့်    ကျောက်စီ ရေနုတ်မြောင်းနံရံ  တည်ဆောက် ခြင်းလုပ်ငန်းများ   ပြီးစီးသွားပြီ ဖြစ်၍   ပြည်တွင်းပြည်ပ ခရီးသွား များနှင့်   ဒေသအတွင်း   ကုန်စည် စီးဆင်းမှုလုပ်ငန်းများ   အချိန်နှင့် တစ်ပြေးညီ တစ်ရှိန်ထိုး  တိုးတက် အောင်မြင် ဖြစ်ထွန်းလာတော့မည်     ဖြစ်ကြောင်း သိရသည်။

 


အဆိုပါ       လွှဲခမ်းတောင် အန္တရာယ်ကွေ့နေရာတွင်   ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ် မိုးတွင်း ကာလများက   မိုးသည်းထန်စွာ ရွာသွန်းချိန်များတွင်   တောင်တန်း မြေလွှာများ     ပြတ်ကျခြင်း၊ တောင်ပြိုခြင်းတို့ကြောင့်   ကား လမ်းများ  မကြာ ခဏပျက်စီးကာ   ပြုပြင်ရခက်ခဲခြင်းများ   ဖြစ်ပွား ခဲ့သည်။   အဆိုပါ    ဖြစ်စဉ်များ ကြောင့်  မြို့နယ် လမ်း/တံတား ဦးစီးအဖွဲ့က   မိုးတွင်းကာလတွင်  လမ်းပန်းဆက်သွယ်သွားလာရေး လုပ်ငန်း  မပြတ်တောက်စေရန် အတွက်       ယာယီပြုပြင်ခြင်း လုပ်ငန်းများကို    ဆောင်ရွက် ခဲ့ရကြောင်း၊ ကားလမ်းပြုပြင်ရေးလုပ်ငန်းများဖြစ်သည့် တောင်ပြို မြေလွှာဖယ်ရှားခြင်း    လုပ်ငန်း အရှည် ၃၆၁ ပေနှင့် ကျောက်စီ ရေထိန်းနံရံ ရေမြောင်းဖောက်လုပ် ခြင်းလုပ်ငန်း အရှည်  ၃၆၁ ပေ တို့ကို ကချင်ပြည်နယ် လမ်းဦးစီး ဌာန၏ ၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြု ရန်ပုံငွေ     ကျပ်   ၇၁  သန်းဖြင့်  ပြတ်ကျမြေစာသယ်ယူခြင်းလုပ်ငန်းနှင့်  မြေထိန်းကမ်းနံရံအမြင့် ၇ပေ/၅ပေ   နှင့်    ရေမြောင်း တည်ဆောက်ခြင်းတို့ကို ဆောင် ရွက်ခဲ့ရာ ဒီဇင်ဘာ ၂၈ ရက်တွင်  ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း မိုးညှင်း မြို့နယ်လမ်းဦးစီးဌာန တာဝန်ခံ ကြီးကြပ်ရေးမှူး ဦးဝေလျှံ(AE)ထံမှ သိရသည်။

 


အဆိုပါ      ပြတ်ကျမြေစာ သယ်ယူခြင်းလုပ်ငန်းနှင့် မြေထိန်း ကမ်းနံရံနှင့်   ကျောက်စီရေနုတ် မြောင်း       တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ သဖြင့်   ၂၂   ဘီးနှင့်အထက်    ကုန် တင်ယာဉ်ကြီးများ၊  ပြည်တွင်း ပြည်ပ  ခရီးသွားမော်တော်ယာဉ် လိုင်းများနှင့်   ဒေသတွင်း   ခရီး သွားလာကြသူများ    အနေဖြင့် ဘေးအန္တရာယ်   ကင်းရှင်းပြီး အဆင်ပြေစွာ သွားလာနိုင်တော့ မည်ဖြစ်သည့်အတွက်  ဒေသတွင်း လူမှုရေး၊ ပညာရေးနှင့် စီးပွားရေး တို့အတွက်    များစွာအထောက် အကူပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။                        

(၀၇၈)