ရှစ်လအတွင်း တရုတ်-ရုရှားကုန်သွယ်မှု ကန်ဒေါ်လာ ၁၁၇ ဒသမ ၂ ဘီလီယံအထိ မြင့်တက်လာ

 

တရုတ်နှင့်   ရုရှားနှစ်နိုင်ငံကြား ကုန်သွယ်မှုသည်  ၂၀၂၂  ခုနှစ် ဇန်နဝါရီလမှ   သြဂုတ်လအထိ ကန်ဒေါ်လာ   ၁၁၇   ဒသမ  ၂ ဘီလီယံအထိ    တိုးမြင့်လာပြီး ယခင်နှစ်         ကာလတူထက် ၃၁ ဒသမ ၄ ရာခိုင်နှုန်းတိုးမြင့်လာခဲ့ သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ် မှု အာဏာပိုင်အဖွဲ့ (GACC) မှ စက်တင်ဘာ ၇ ရက်တွင် ထုတ်ပြန် သည့် အချက်အလက်များအရ ယင်းကာလအတွင်း ရုရှားနိုင်ငံမှ တရုတ်နိုင်ငံသို့ သွင်းကုန်တင်သွင်း မှုသည်    အမေရိကန်ဒေါ်လာ  ၇၂ ဒသမ ၉၅ ဘီလီယံရှိပြီး ၅၀ ဒသမ ၇ ရာခိုင်နှုန်းသို့     မြင့်တက်ခဲ့ ကြောင်း ဖော်ပြထားသည်။

 


တရုတ်(ယွမ်)ဖြင့်    ဖော်ပြ ချက် အရ နှစ်နိုင်ငံကုန်သွယ်မှု သည် ၂၀၂၂ ခုနှစ် ပထမရှစ်လတာ ကာလအတွင်း စုစုပေါင်း   ယွမ် ၇၆၅ ဘီလီယံရှိပြီး   ယခင်နှစ် ကာလတူထက် ၃၂ ဒသမ   ၅  ရာခိုင်နှုန်း တိုးတက်လာကြောင်း ဖော်ပြထားသည်။  မကြာသေးမီ နှစ်များအတွင်း နှစ်နိုင်ငံအကြား ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက် မှုကို မြှင့်တင်ရန်ကြိုးပမ်းခဲ့မှုများ ကြောင့် တရုတ်နှင့် ရုရှားတို့သည် အဓိက ကုန်သွယ်ဖက်နိုင်ငံများ ဖြစ်လာကြောင်း China   Academy of International Trade  and Economic Cooperation ၏ နိုင်ငံ တကာစျေးကွက် သုတေသနဌာန မှ ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ Bai Ming က the Global Times ကို ပြောကြားခဲ့သည်။ 

 


တရုတ်နိုင်ငံ          ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး      ဌာန (MOFCOM) မှ ဖော်ပြချက်အရ ၂၀၂၁   ခုနှစ်တွင်    အခြားသော BRICS      အဖွဲ့ဝင်လေးနိုင်ငံဖြစ် သည့် ဘရာဇီး၊   ရုရှား၊   အိန္ဒိယ၊ တောင်အာဖရိကနိုင်ငံတို့နှင့် တရုတ် နိုင်ငံ၏ကုန်သွယ်မှုသည်  ယခင် နှစ်ကာလတူထက် ၄၀ ရာခိုင်နှုန်း တိုးလာပြီး လွန်ခဲ့သည့် ငါးနှစ်က ထက်   နှစ်ဆတိုးလာခဲ့ကြောင်း ဖော်ပြထားသည်။

 


တရုတ်-ရုရှား      နှစ်နိုင်ငံ အကြား ကုန်သွယ်မှုသည် အရှိန် အဟုန်ပြင်းစွာ  တိုးတက်လျက် ရှိပြီး   နှစ်ဖက်စလုံးသည်    ပုံမှန် စီးပွားရေးနှင့် ကုန်သွယ်မှုဖလှယ် မှုများကို    ဆက်လက်မြှင့်တင် ကာ   စက်မှုနှင့်    ထောက်ပံ့ရေး ကွင်းဆက်များ၏ တည်ငြိမ်မှုကို ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း MOFCOM ၏ ပြောရေးဆိုခွင့်ရှိသူ Shu Jueting က သြဂုတ်  ၂၅ ရက်တွင် ပြောကြားခဲ့သည်။

 


တရုတ်-ရုရှား     ကုန်သွယ်မှု သည် သမိုင်းမှတ်တိုင်သစ်တစ်ခု သို့ ရောက်ရှိနိုင်မည်ဟု မျှော်လင့် ရပြီး    ၂၀၂၂   ခုနှစ်တွင်    ယွမ် ၁ ထရီလီယံ   ကျော်လွန်သွားနိုင် သည်ဟု သိရသည်။ တရုတ်လူမှု သိပ္ပံအကယ်ဒမီက        သြဂုတ် ၂၃ ရက်တွင် ထုတ်ပြန်သည့် အစီ ရင်ခံစာအရ     တရုတ်နှင့်  ရုရှား အကြား   ကုန်သွယ်မှုသည် ၂၀၂၁ ခုနှစ်တွင်   အမေရိကန်ဒေါ်လာ ၁၄၆ ဒသမ  ၈၉   ဘီလီယံအထိ ရရှိခဲ့ကြောင်း      ထုတ်ပြန်ထားသည်။

သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွား‌ရေးသံမှူးများ၏ ပေးပို့မှုအချက်အလက်များ။   ခင်ရတနာ စုစည်းဖော်ပြသည်၊၊