
လန်ဒန် စက်တင်ဘာ ၂၃
လူသားမျိုးနွယ်များသည် ကမ္ဘာ ကြီးပူနွေးလာမှုကို ဆန့်ကျင် တိုက်ဖျက်ရာတွင် အရေးကြီးသော အပြောင်းအလဲကို ရောက်နေပြီ ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ပြော ကြားခဲ့သည်။ တာဝန်သိသိ ဆောင်ရွက်လုပ်ကိုင်ကြရန်လည်း ၎င်းက တိုက်တွန်းလိုက်သည်။
နိုဝင်ဘာလတွင် အင်္ဂလန်က လက်ခံကျင်းပမည့် ကုလသမဂ္ဂရာသီဥတုဆိုင်ရာညီလာခံမတိုင်မီ ဂျွန်ဆင်က ကမ္ဘာ့ခေါင်းဆောင်များ ကို စက်တင်ဘာ ၂၁ ရက်က ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
Glasgow COP 26 ဆွေးနွေးပွဲ သည် အပြောင်းအလဲတစ်ခုဖြစ် မည်ဖြစ်ကြောင်း၊ မိမိတို့သည် သင်ယူနိုင်စွမ်း ရှိသူများဖြစ် ကြောင်း၊ ရင့်ကျက်သူများဖြစ် ကြောင်း၊ ကမ္ဘာကြီးပေါ်မှာသာမက မိမိတို့အပေါ်ပါ ထိခိုက်စေသည့် အဖျက်အမှောင့် လုပ်ရပ်များ အတွက် တာဝန်ယူနိုင်မှုတို့ကို ပြသရမည်ဖြစ်ကြောင်း ဂျွန်ဆင် က ပြောကြားခဲ့သည်။
အပူချိန်မြင့်တက်မှုကို ၁ ဒသမ ၅ ဒီဂရီဆဲစီးယက်စ်အထိသာ ကန့်သတ်ချက်ထား ဆောင်ရွက် ရန် အစိုးရများကို ၎င်းက တိုက် တွန်းလိုက်သည်။ ထို့အပြင် ဖွံ့ဖြိုး ပြီး နိုင်ငံများကို ၂၀၃၀ မတိုင်မီ ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ် အား ထုတ်လုပ်မှုများကို ရပ်တန့် ရန်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ၂၀၄၀ မတိုင်မီ အလားတူရပ်တန့် ရန် ၎င်းက ဆက်လက်တိုက်တွန်း ထားသည်။ တရုတ်နိုင်ငံသည် ပြည်ပတွင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ နောက်ထပ် တည်ဆောက်တော့ မည် မဟုတ်ကြောင်း တရုတ် သမ္မတ ရှီကျင့်ဖျင်၏ စက်တင်ဘာ ၂၁ ရက် ထုတ်ပြန်ချက်ကို ဂျွန်ဆင်က ကြိုဆိုလိုက်သည်။
အင်န်အိတ်ချ်ကေ