
အင်္ဂပူ စက်တင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် မကျီးကုန်းကျေးရွာ မင်္ဂလာ ဇေယုံဘုန်းကြီးကျောင်း၌ စက်မှုလယ်ယာဦးစီးဌာန စက်မှုလယ်ယာ စခန်း (ဆွယ်) အင်္ဂပူမြို့က လယ်ယာသုံးစက်ကိရိယာ မောင်းနှင် ထိန်းသိမ်းမှု အခြေခံသင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ် သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက အမှာစကားပြောကြားပြီး အင်္ဂပူမြို့နယ် စက်မှု လယ်ယာဦးစီးဌာန စက်မှုလယ်ယာစခန်း (ဆွယ်) မှ မြို့နယ်ဦးစီးဌာနမှူး ဦးအောင်ကိုကိုတင်က သင်တန်းတက်ရောက်ခြင်းကြောင့် ရရှိသည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက သင်တန်းဆင်း လက်မှတ်များနှင့် ထူးချွန်သင်တန်းသားများအား ဂုဏ်ပြုဆုများ ပေအပ်သည်။
အင်္ဂပူမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ သင်တန်းသား ၃၀ တက်ရောက်၍ သင်တန်းကာလ ၁၂ ရက်တွင် စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ခြင်းဖြင့် လယ်ယာသုံးစက်ကိရိယာများကို ကျွမ်းကျင်စွာကိုင်တွယ်နိုင်ခြင်း၊ စက်ကိရိယာများဖြင့် ရာသီချိန်မီ ထွန်ယက်စိုက်ပျိုး၊ ရိတ်သိမ်းနိုင်ခြင်း နှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုအနေဖြင့် တစ်ဖက်တစ်လမ်း မှဝင်ငွေရရှိစေမည်ဖြစ်ကြောင်း အင်္ဂပူမြို့နယ် စက်မှုလယ်ယာစခန်း (ဆွယ်) မှ မြို့နယ်ဦးစီးဌာနမှူး ဦးအောင်ကိုကိုတင်ထံမှ သိရသည်။
မန်းကျော်(ပြန်/ဆက်)