
နေပြည်တော် နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကုန်း ကြမ်းမြို့နယ် ကြူစီပါကျေးရွာ အနီး၌ လုံခြုံရေးအဖွဲ့ဝင်များက နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် နိုဝင်ဘာ ၁၄ ရက် ည ၉ နာရီခွဲခန့် တွင် ကြူစီပါကျေးရွာဘက် မှ စေခေါက်ကျေးရွာဘက်သို့ မောင်းနှင်လာသည့် Vigo Hilux အမျိုးအစား မော်တော်ယာဉ် အမှတ် KK/A---- အား မသင်္ကာ ဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရန် အချက်ပြရပ်တန့်စေခဲ့ရာ ရပ်တန့် ခြင်း မရှိသဖြင့် လက်နက်ငယ်ဖြင့် သုံးချက် ခြောက်လှန့်ပစ်ခတ် သည့်တိုင် မော်တော်ယာဉ်မှာ ရပ်တန့်ခြင်းမရှိဘဲ လုံခြုံရေး တပ်ဖွဲ့ဝင်များထံသို့ အရှိန်ပြင်း စွာ မောင်းနှင်လာခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထပ်မံ ပစ်ခတ်တားဆီးခဲ့ရာမှ မော်တော် ယာဉ်မှာ ရပ်တန့်သွားခဲ့သည်။
အဆိုပါ မော်တော်ယာဉ်အား စစ်ဆေးရာ မော်တော်ယာဉ် မောင်းနှင်သူ ဦးဆွတ်တာပါး၊ ဦးကြူကျုံးယုံနှင့် မလီရင်းချောင် တို့ကို လက်နက်ငယ်ဒဏ်ရာများ ဖြင့် သေဆုံးလျက်တွေ့ရှိရပြီး မကျူဇူးဆိုက်၊ မောင်ကျူတာ ကော့နှင့် မကျူယွန်းဖျင်တို့ကို လက်နက်ငယ်ထိမှန် ဒဏ်ရာများ ဖြင့် တွေ့ရှိခဲ့ရသည်။
အဆိုပါဒေသသည် ရာဇဝတ် ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားရှိပြီး “ည ၉ နာရီမှ နံနက် ၅ နာရီအထိ မည်သူမဆို အမိန့်တစ်စုံတစ်ရာမရှိဘဲ လုံခြုံ ရေးတာဝန်ရှိသူမှအပ သွားလာ ခြင်းမပြုရ” ထုတ်ပြန်ထားသည့် ဒေသဖြစ်သည်။ ယင်းဒေသ အတွင်း အကြမ်းဖက်သောင်းကျန်း သူများအနေဖြင့် အမှောင်ထုကို အကာအကွယ်ယူ၍ အဖျက် အမှောင့်လုပ်ငန်းများ ဆောင်ရွက် ခြင်း၊ နိုင်ငံ့ဝန်ထမ်းများနှင့် လုံခြုံ ရေးတာဝန် ထမ်းဆောင်နေသည့် တပ်ဖွဲ့ဝင်များအား ချောင်းမြောင်း ပစ်ခတ်ခြင်းများ လုပ်ဆောင်လျက် ရှိသောကြောင့် လုံခြုံရေးတပ်ဖွဲ့ ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိမှုများ လည်း ဖြစ်ပေါ်ခဲ့သည်။
ထို့ကြောင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးလုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်လျက်ရှိရာ ယခု ဖြစ်စဉ်တွင်လည်း သတ်မှတ် ထားသည့်အချိန်ထက် ကျော် လွန်၍ သွားလာခြင်းဖြစ်သည့် အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရန်အတွက် မော်တော် ယာဉ်အားရပ်တန့်ရန် ကောင်းမွန် စွာ တားဆီးခဲ့သော်လည်း ရပ်တန့် ပေးခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင် များအား အန္တရာယ်ဖြစ်စေရန် အရှိန်ပြင်းစွာ မောင်းနှင်လာခြင်း ဖြစ်သဖြင့် မလွှဲသာမရှောင်သာ ပစ်ခတ်တားဆီးခဲ့ရခြင်းဖြစ်သည်။
ဖြစ်စဉ်တွင် သေဆုံးခဲ့သူများ အား သေမှုသေခင်းဖွင့်လှစ်ကာ လိုအပ်သည့် စုံစမ်းစစ်ဆေးမှု များ ဆောင်ရွက်လျက်ရှိကြောင်း နှင့် ဒဏ်ရာရရှိသူများအား လောက်ကိုင်မြို့ရှိ တပ်မတော် ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သတင်း ရရှိသည်။
သတင်းစဉ်