ရာဇဝတ်အထူးအယူခံမှု  (၂) မှု နှင့် တရားမအထူးအယူခံမှု (၅) မှုတို့ကို စီရင်ချက်ချမှတ် တရားမအထူးအယူခံမှု (၅) မှု တို့ကို ရုံးထိုင်ကြားနာ

 

 

နေပြည်တော်    ဒီဇင်ဘာ      ၂၀
ပြည်ထောင်စုတရားသူကြီးချုပ်  ဦးထွန်းထွန်းဦးနှင့်  ပြည်ထောင်စု  တရားလွှတ်တော်ချုပ်  တရားသူကြီးများဖြစ်ကြသော  ဦးမျိုးမောင်၊ ဦးခင်မောင်ကြီး၊  ဦးတင်ဟုန်၊  ဒေါ်ခင်မေရီ  တို့  ပါဝင်သည့်  အထူးအယူခံခုံရုံးသည်  ယနေ့နံနက်  ၉  နာရီခွဲတွင်  ပြည်ထောင်စု တရား  လွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌  ရုံးထိုင်၍ ရာဇဝတ်အထူး အယူခံမှုအမှတ် ၅/၂၀၂၁ (မွန်) နှင့် ၆/၂၀၂၁ (တနင်္သာရီ)၊ တရားမ အထူး အယူခံမှုအမှတ် ၈၉/၂၀၁၉ (မွန်)၊ ၉၆/၂၀၁၉ (မန္တလေး)၊  ၉၇/၂၀၁၉ (မန္တလေး)၊ ၈/၂၀၂၀ (ရန်ကုန်) နှင့် ၁၁/၂၀၂၀ (မကွေး)  စုစုပေါင်း  ရာဇဝတ်အထူးအယူခံမှု  (၂) မှု နှင့် တရားမအထူးအယူခံမှု  (၅) မှုတို့ကို စီရင်ချက် ချမှတ်သည်။ 
ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၁၄/၂၀၂၀(မကွေး)၊၁၆/၂၀၂၀ (မန္တလေး)၊ ၂၀/ ၂၀၂၀  (မန္တလေး)၊ ၂၁/၂၀၂၀ (မွန်) နှင့် ၂၃/၂၀၂၀  (ရှမ်း)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၅) မှုတို့ကို ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ  ရုံးထိုင်ကြားနာ ခဲ့ကြောင်း သတင်းရရှိသည်။                                                         
သတင်းစဉ်