ပူတာအိုဒေသ၌ လက်ဖက်စိုက်ဧက ၄၀၀ ကျော် စိုက်ပျိုးပြီး ဖါ့ခါး(PAQ KA)အမှတ်တံဆိပ်ဖြင့် ဖြန့်ဖြူးလျက်ရှိ

 

ပူတာအို   မတ်    ၁၁


ကချင်ပြည်နယ်       ပူတာအိုမြို့နယ်၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏    စာရင်း ဇယားများအရ လက်ဖက်စိုက်ဧက ၄၀၀ ကျော်စိုက်ပျိုးလျက်ရှိပြီး       လက်ဖက် ခြောက်   အဓိကထုတ်လုပ်သည့်    စက်ရုံ တစ်ခုတည်းသာရှိရာ         ယင်းစက်ရုံမှ ထုတ်လုပ်သော လက်ဖက်ခြောက်များကို ဖါ့ခါး(PAQ KA)အမှတ်တံဆိပ်ဖြင့် ပူတာ အိုခရိုင်အတွင်း    အဓိကဖြန့်ဖြူးလျက်ရှိ ကြောင်း    ပူတာအို   လက်ဖက်အသင်းအစု အဖွဲ့ဥက္ကဋ္ဌ       ဦးဆလွတ်ထဖေဝမ်ထံမှ သိရသည်။


မြန်မာနိုင်ငံ    လက်ဖက်အသင်းတွင် ဒေသခံလက်ဖက်အစုအဖွဲ့ ၁၈  ဖွဲ့ရှိပြီး ပူတာအို     လက်ဖက်အသင်းအစုအဖွဲ့ကို ၂၀၁၉ ဒီဇင်ဘာလက အသင်းသားဦးရေ ၇၀ ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။  ပူတာအို ဒေသသည်    ရေခဲတောင်နှင့်   နီးစပ်ခြင်း ကြောင့် လက်ဖက်စိုက်ပျိုးဖြစ်ထွန်းနိုင်သော   အေးမြသည့်   ရာသီဥတုရှိပြီး ပူတာအိုလက်ဖက်အသင်းသား အများစု သည် လက်ဖက်စိုက်ပျိုးတောင်သူများဖြစ် ရာ  အဆိုပါ  လက်ဖက်စိုက်တောင်သူများ အတွက်    အဆင့်မြင့်လက်ဖက်ခြောက် ထုတ်လုပ်နည်းပညာနှင့်        လက်ဖက် စိုက်ပျိုးနည်းပညာများကို    ပံ့ပိုးပေးရန် လိုအပ်လျက်ရှိကြောင်း သိရသည်။


ပူတာအိုဒေသတွင်  လက်ဖက်ခြောက် များကို     ရည်ရွယ်ချက်အမျိုးမျိုးဖြင့် အသုံးပြုလျက်ရှိပြီး လက်ဖက်ခြောက်များ ကို     ပွဲလမ်းသဘင်များ၌      ဧည့်သည် ဧည့်ခံရာတွင်လည်းကောင်း၊ ကုန်ပစ္စည်း အချင်းချင်း ဖလှယ်ရာတွင်လည်းကောင်း  အသုံးပြုလေ့ရှိသည့်အပြင်       တောင်းရမ်း မင်္ဂလာပွဲများတွင်လည်းကောင်း၊   အဝေး ရောက်           ဆွေမျိုးမိတ်ဆွေများအား လက်ဆောင်ပါးရာတွင်    လည်းကောင်း လက်ဖက်ခြောက်ကို အသုံးပြုကြကြောင်း သိရသည်။ 


လက်ရှိအချိန်တွင်   ပူတာအိုဒေသ ထွက်          လက်ဖက်ခြောက်များကို တစ်ပိဿာလျှင်   ကျပ်    ၂၀၀၀၀   ဖြင့် ရောင်းချလျက်ရှိပြီး     နှစ်ထောင်တန်၊ သုံးထောင်တန်၊         ငါးထောင်တန်နှင့် တစ်သောင်းတန် စသည့်အထုပ်သေးများ ဖြင့်လည်း    ထုတ်လုပ်ရောင်းချလျက်ရှိ ကြောင်း သိရသည်။  

 ဖုန်ကန်(ပူတာအို)