ပုသိမ်မြို့ အထွေထွေရောဂါကုဆေးရုံကြီး၏ တိုင်းသံဃာဆောင် (၄၇) နှစ်ပြည့် အလှူတော်မင်္ဂလာအခမ်းအနားနှင့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

 

ပုသိမ်    ဇန်နဝါရီ    ၂
ဧရာဝတီတိုင်းဒေသကြီး  ပုသိမ်မြို့  အထွေထွေရောဂါကုဆေးရုံကြီး၏ တိုင်းသံဃာဆောင် (၄၇) နှစ်ပြည့် အလှူတော်မင်္ဂလာ အခမ်းအနား ကို  ယနေ့နံနက်ပိုင်းက  အဆိုပါ ဆေးရုံ၏   အစည်းအဝေးခန်းမ၌  ပြုလုပ်ရာ      တိုင်းသံဃာဆောင် ဥက္ကဋ္ဌဆရာတော် မြို့မဉူးကောဝိဒ၊  တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင် မောင်ဝင်းနှင့်     တိုင်းဒေသကြီး ဝန်ကြီးများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီး ချုပ်နှင့်အဖွဲ့သည်     တိုင်းသံဃာ ဆောင်သို့သွားရောက်၍ ကျန်းမာ ရေး စောင့်ရှောက်မှုခံယူနေသည့်  သံဃာတော်များအား     ဖူးမြော် ကြည်ညို၍ လိုအပ်သည့်ကျန်းမာ ရေးစောင့်ရှောက်မှုများ   အပြည့် အဝ  ဖြည့်ဆည်းဆောင်ရွက်ပေး နိုင်ရေး       တာဝန်ရှိသူများအား မှာကြားသည်။        ယင်းနောက် တိုင်းသံဃာဆောင် (၄၇) နှစ်ပြည့် အလှူတော်မင်္ဂလာ အခမ်းအနား တက်ရောက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က တစ်နှစ်တာထာဝရ  ငွေပဒေသာပင်အလှူရှင်များအား ဂုဏ်ပြုလွှာများနှင့် တိုင်းသံဃာ ဆောင်အတွက်     အလှူငွေများ ပေးအပ်လှူဒါန်းသည်။
ဆက်လက်၍      တိုင်းသံဃာ ဆောင်   ဥက္ကဋ္ဌဆရာတော်   မြို့မ ဉူးကောဝိဒက         တိုင်းသံဃာ ဆောင်၏     ဆောင်ရွက်မှုများကို  ရှင်းလင်းမိန့်ကြားခဲ့ပြီး     တိုင်း ဒေသကြီး ဝန်ကြီးချုပ်က  သံဃာ ဆောင်အတွက် လိုအပ်ချက်များ ဖြည့်ဆည်း   ဆောင်ရွက်ပေးနိုင် ရေးကိစ္စရပ်များကို တင်ပြလျှောက် ထားပြီး   အခမ်းအနား   ရုပ်သိမ်း ခဲ့သည်။
ထို့နောက်     တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၇၆)နှစ် မြောက်      လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုသိမ် မြို့နယ်  စည်ပင်သာယာရေးအဖွဲ့ နှင့် ပြည်သူလူထုပူးပေါင်းဆောင် ရွက်သော  ပုသိမ်မြို့  အမှတ်(၁)ရပ်ကွက် ငဝန်ကျွန်းသာ(၁၁)လမ်း  ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်း အနားကို တက်ရောက်သည်။
ဦးစွာ  ငဝန်ကျွန်းသာ  (၁၁)လမ်း  ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင်ပစ္စည်း အား တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်      လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးထံ တိုင်းဒေသကြီး စည်ပင် သာယာရေးအဖွဲ့  ဒုတိယအင်ဂျင် နီယာမှူးကြီးနှင့်   ပုသိမ်မြို့နယ် စည်ပင်သာယာရေး       ကော်မတီ ဥက္ကဋ္ဌတို့က   ပေးအပ်ခဲ့ပြီး   တိုင်း ဒေသကြီး   ဝန်ကြီးချုပ်သည်    တာဝန်ရှိသူများနှင့်အတူ ကွန်ကရစ် လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကာ       လှည့်လည်ကြည့်ရှု စစ်ဆေးသည်။ အဆိုပါလမ်းသည်    ပုသိမ်မြို့နယ်        စည်ပင်သာယာ ရေးအဖွဲ့နှင့် ပြည်သူလူထုပူးပေါင်း ဆောင်ရွက်သော  လမ်းဖြစ်ပြီး    လမ်းအရှည်ပေ  ၈၁၀၊  အကျယ် ၁၀ ပေ၊ ထု ရှစ်လက်မရှိကြောင်း သိရသည်။ 
တိုင်းဒေသကြီး(ပြန်/ဆက်)