ပုသိမ်ကြီးမြို့နယ်၌ ငွေကျပ် သိန်း ၁၇၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီးရမိ

 

 

နေပြည်တော်   ဒီဇင်ဘာ  ၂၇
မန္တလေးတိုင်းဒေသကြီး   ပုသိမ် ကြီးမြို့နယ်၌ ငွေကျပ်သိန်း ၁၇၀၀  ကျော်တန်ဖိုးရှိ   ထိန်းချုပ် ဓာတုပစ္စည်း  (Toluene)  များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။ 
ဖြစ်စဉ်မှာ    မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး   ရဲတပ်ဖွဲ့နှင့် အကောက်ခွန်         ဦးစီးဌာနတို့ ပူးပေါင်း၍   ဒီဇင်ဘာ  ၂၃  ရက် မွန်းလွဲ  ၁  နာရီခွဲတွင်   ပုသိမ်ကြီး မြို့နယ် (၁၆)မိုင် စစ်ဆေးရေးစခန်း ၌   မန္တလေးမှ   လားရှိုးဘက်သို့ ဇော်မင်းလွင်       မောင်းနှင်ပြီး ကောင်းမြတ်စံ   လိုက်ပါလာသည့် ၁၈  ဘီး   တွဲကားမော်တော်ယာဉ် အား သတင်းအရရှာဖွေရာ ယာဉ် ပေါ်တွင်  ဘိလပ်မြေအိတ်များဖြင့် ဖုံးအုပ်    သယ်ဆောင်လာသော သံပီပါများအတွင်းမှ  တရားမဝင် သယ်ဆောင်လာသည့်      ဒေသ ကာလတန်ဖိုး   ငွေကျပ်သိန်း ၁၇၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ် ဓာတုပစ္စည်း(Toluene) ၁၂၈၀၀ လီတာ   သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ကို    ဥပဒေအရအရေးယူ ထားရှိပြီး   ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား   ဆက်လက် စစ်ဆေး          ဖော်ထုတ်လျက်ရှိ ကြောင်း   သိရသည်။   သတင်းစဉ်