ပုပ္ပားတောင်ဒေသ အမျိုးသားအဆင့် ဘူမိဥယျာဉ်ကို ဘူမိနယ်မြေ ၁၅ နေရာဖြင့် အဆိုပြုသွားမည်

 

 

နေပြည်တော်  ဇန်နဝါရီ  ၃
အမျိုးသားအဆင့်   ဘူမိဥယျာဉ် ဆိုင်ရာကော်မတီ  ပထမအကြိမ် အစည်းအဝေးကို             ယနေ့နံနက် ၁၀ နာရီတွင်   နေပြည်တော်ရှိ သစ်တောဦးစီးဌာန   ညွှန်ကြား ရေးမှူးချုပ်ရုံး  အင်ကြင်းခန်းမ၌ ကျင်းပသည်။
 အလားအလာ အကောင်းဆုံးဖြစ်
အစည်းအဝေးတွင် အမျိုးသား အဆင့်     ဘူမိဥယျာဉ်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီက UNESCO သည် ကမ္ဘာ့ဘူမိဥယျာဉ် (Global Geopark) အစီအစဉ်ကို  ၂၀၀၁ တွင်စတင်ခဲ့ပြီး လက်ရှိ နိုင်ငံပေါင်း ၄၄ နိုင်ငံတွင်   ကမ္ဘာ့ဘူမိဥယျာဉ် ၁၆၉ ခု ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ကမ္ဘာ့ဘူမိဥယျာဉ်အဖြစ်   သတ် မှတ်ခံရရန်  အလားအလာကောင်း များ ပိုင်ဆိုင်သည့်   နေရာအများ အပြားရှိသည့်အနက် ပုပ္ပားတောင် ဒေသသည်      အလားအလာ အကောင်းဆုံးဖြစ်ကြောင်း၊ ကမ္ဘာ့ အဆင့်ဘူမိဥယျာဉ်အဖြစ် အမည် စာရင်းအဆိုမပြုမီ   အမျိုးသား အဆင့် ဘူမိဥယျာဉ်အဖြစ်  ဦးစွာ သတ်မှတ်နိုင်ရေး   ဆောင်ရွက် လျက်ရှိကြောင်း၊    ပုပ္ပားတောင် ဒေသ    အမျိုးသားအဆင့်   ဘူမိ ဥယျာဉ်ကို ဘူမိနယ်မြေ (Geosite) ၁၅ နေရာဖြင့်  အဆိုပြုသွားမည် ဖြစ်ပြီး     ယင်းနေရာများတွင် မီးတောင်ကျောက်မျိုးများ၊ ချော် ကျောက်များ၊ အင်ကြင်းကျောက် မျိုးများ၊  ကျောရိုးရှိသတ္တဝါများ၏ ကျောက်ဖြစ်    ရုပ်ကြွင်းများနှင့် ဇီဝမျိုးစုံမျိုးကွဲများစွာကို   တွေ့ရှိ လေ့လာနိုင်မည့်အပြင်   ဒေသခံ များ၏ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ ထုံးထမ်းများကိုလည်း   လေ့လာ နိုင်မည်ဖြစ်ကြောင်း။
အတုယူစရာဖြစ်လာစေမည်
အမျိုးသားအဆင့်     ဘူမိ ဥယျာဉ်အဖြစ်  ဖော်ထုတ်ဆောင် ရွက်နိုင်မည်ဆိုပါက  ဘူမိခရီးသွား လာရေး  Geotourism လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေပြီး အဆိုပါ ဒေသများအား         တန်ဖိုးထား ကာကွယ်ထားမှုကို     လာရောက် သည့်  ခရီးသွားဧည့်သည်များအား ပြသနိုင်မည့်အပြင်    နောင်လာ နောက်သား   များအတွက်လည်း အတုယူစရာဖြစ်လာစေမည်ဖြစ်ကြောင်း၊   ကမ္ဘာ့ဘူမိဥယျာဉ်သည် ကျယ်ပြန့်သော နယ်မြေတစ်ခုကို လွှမ်းခြုံပြီး  ထိန်းသိမ်းကာကွယ်မှု၊ သိမြင်  နိုးကြားမှုနှင့်  စဉ်ဆက် မပြတ်   ဖွံ့ဖြိုးတိုးတက်မှုစသည့် ဒေါက်တိုင် ၃ ခုအပေါ်  အခြေခံ နေသည့်အတွက် သက်ဆိုင်ရာ စီမံ ခန့်ခွဲမှုဆိုင်ရာ    ဌာနအဖွဲ့အစည်း များ၊   ပညာရပ်နှင့်  သုတေသန ဆိုင်ရာ     ဌာနအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှသာ  အောင် မြင်မှုပန်းတိုင်သို့   ရောက်ရှိနိုင် မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍   ပုပ္ပားတောင် ဒေသကို   အမျိုးသားအဆင့်  ဘူမိ ဥယျာဉ်အဖြစ်    သတ်မှတ်နိုင်ရေး ဆောင်ရွက်မှုကို     ကော်မတီ အတွင်းရေးမှူးက  လည်းကောင်း၊ အမျိုးသားအဆင့်    ဘူမိဥယျာဉ် အဆိုပြုလွှာမူကြမ်းကို    မြန်မာ နိုင်ငံ      ဘူမိသိပ္ပံအသင်း၊    ဥက္ကဋ္ဌ က လည်းကောင်း   ရှင်းလင်းတင်ပြ သည်။
ဖြည့်စွက်ဆွေးနွေး
ထို့နောက်   တက်ရောက်လာ ကြသည့် ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာ        ကဏ္ဍအလိုက် အကြံပြု  ဆွေးနွေးတင်ပြကြပြီး  တင်ပြချက်များအပေါ်   လေ့လာ သုံးသပ်ခြင်း၊    လိုအပ်ချက်များ ကို        ဖြည့်စွက်ဆွေးနွေးခြင်း၊ ဆက်လက်   ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ချမှတ်ခြင်းများကို ဆောင်ရွက်သည်။
အစည်းအဝေးသို့ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီး များနှင့်   တာဝန်ရှိသူများ တက် ရောက်ကြပြီး UNESCO အမျိုးသား ကော်မရှင်နှင့်   မြန်မာနိုင်ငံဘူမိသိပ္ပံ   အသင်းအဖွဲ့ဝင်များက    Virtual စနစ်ဖြင့် တက်ရောက် ကြကြောင်း သိရသည်။ 
သတင်းစဉ်