ပုဏ္ဏားကျွန်းမြို့အတွင်းရှိ ဒေသခံပြည်သူများအား နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုပေး

 

ပုဏ္ဏားကျွန်း  မတ် ၂


ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံပြည်သူများအား မတ် ၂ ရက်ကစ၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ပုဏ္ဏားကျွန်း မြို့    လောကမာရဇိန်ဘုရားကြီး   သာသနာ့ ဗိမာန်တော်၌    ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

 


တိုင်းစစ်ဌာနချုပ်  နယ်လှည့်ဆေးကုသရေး အဖွဲ့၊  အထူးကုပါရဂူ၊    သမားတော်ကြီးများ ဦးဆောင်သည့်   အထူးကုဆရာဝန်ကြီးများက ယနေ့တွင် ဒေသခံပြည်သူ ၅၀၀ တို့ကို မျက်စိ ရောဂါ၊   သွားနှင့်ခံတွင်းရောဂါ၊    အထွေထွေ ရောဂါတို့နှင့်     ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ နား၊ နှာခေါင်း၊  လည်ချောင်းစသည့် ရောဂါ တို့ကို ECG နှင့် အမ်ထရာဆောင်းစက်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ်ခြင်း            လုပ်ငန်းများ ဆောင်ရွက်ပေးပြီး   လိုအပ်သည့်    ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးသည်။

 


ထိုသို့ ဆောင်ရွက်ပေးခြင်းကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ(ယာယီ)စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး   ကျော်မြင့်ဦး၊    နယ်မြေခံ တပ်ရင်း ခမရ(၅၅၀)မှ တပ်ရင်းမှူး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့    ဥက္က    ဦးမောင်စံဝင်းနှင့် အဖွဲ့ဝင်များက    ကြီးကြပ်၍  မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊         မြို့နယ် ကြက်ခြေနီအသင်း၊  မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်   ကလေးစောင့်ရှောက်ရေး အသင်းဝင်များနှင့်  စေတနာ့ဝန်ထမ်းများ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့တို့က လိုအပ် သည့်နေရာများတွင် ပံ့ပိုးကူညီ ဆောင်ရွက်ပေး ကြပြီး     လာရောက်ဆေးကုသမှု    ခံယူနေကြ သည့်          ဒေသခံပြည်သူများကို  အာဟာရ အားဖြည့်စားသောက်ဖွယ်ရာများ    ထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။


နီထွန်းအောင်
(ပြန်/ဆက်)