ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုပေးမှုအခြေအနေ

 

ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘော တူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း နည်းဥပဒေများကို  အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄) ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တို ဘာလ (၁၀) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းအသိအမှတ်ပြု လက်မှတ်လျှောက်ထားလာပါက ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများနှင့်အညီ  စိစစ်၍   လုပ်ငန်းအသိအမှတ်ပြုလက်မှတ် များကို ခွင့်ပြုပေးလျက် ရှိပါသည်။ 

 


ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ   (၃-၁-၂၀၂၂)  နေ့က  ပြုလုပ် ခဲ့သော  ပြန်ကြားရေးဝန်ကြီးဌာန၊  စီမံခန့်ခွဲရေးကော်မတီအစည်း အဝေးတွင်  (၁-၁၁-၂၀၂၁)  နေ့မှ   (၁၀-၁၂-၂၀၂၁) နေ့အထိ လုပ်ငန်း အသိအမှတ်ပြုလက်မှတ် လျှောက်ထားလာသည့် ထုတ်ဝေခြင်း လုပ်ငန်းအတွက် အသစ်လျှောက်ထားသူ သတင်းစာ တစ်ဦး၊ ဂျာနယ် နှစ်ဦး၊ မဂ္ဂဇင်း သုံးဦး၊ အထွေထွေ ၁၀ ဦး ပေါင်းတစ်ဆယ့်ခြောက်ဦး ကိုလည်းကောင်း၊ သတင်းအေဂျင်စီလုပ်ငန်း လျှောက်ထားသူ သုံးဦး ကိုလည်းကောင်း   အသိအမှတ်ပြုလက်မှတ်များ   ထုတ်ပေးရန် ခွင့်ပြုပေးခဲ့ပါသည်။

 


ပုံနှိပ်ခြင်းနှင့်    ထုတ်ဝေခြင်းလုပ်ငန်း  နည်းဥပဒေများ   ပြဋ္ဌာန်း သည့် (၁၀-၁၀-၂၀၁၄) နေ့မှစ၍ ယနေ့အထိ ပုံနှိပ်ခြင်းလုပ်ငန်း  ၁၆၉၆ ဦး၊ ထုတ်ဝေခြင်းလုပ်ငန်း ၃၁၂၀ နှင့် သတင်းအေဂျင်စီလုပ်ငန်း ၃၈၈ ဦး စုစုပေါင်း ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီ လုပ်ငန်း  ၅၂၀၄ ဦးအား အသိအမှတ်ပြုလက်မှတ်များ စိစစ်ခွင့်ပြု ပေးခဲ့ပြီးဖြစ်ပါသည်။                            

ပြန်ကြားရေးဝန်ကြီးဌာန