ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုပေးမှုအခြေအနေ

 

 

ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စု အစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်း နှင့် ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပ‌ဒေများကို အမိန့်ကြော်ငြာစာအမှတ်(၄၈/၂၀၁၄)ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့ တွင် ထုတ်ပြန်ခဲ့ပြီးနောက်  လုပ်ငန်း  အသိ အမှတ်ပြုလက်မှတ်         လျှောက်ထားလာပါ က    ပုံနှိပ်ခြင်းနှင့်    ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများနှင့်အညီ  စိစစ်၍  လုပ်ငန်း အသိအမှတ်ပြုလက်မှတ်များကို  ခွင့်ပြုပေး လျက်ရှိပါသည်။
ထိုသို့‌ဆောင်ရွက်ပေးလျက်ရှိရာ (၅-၁၁-၂၀၂၁)နေ့က ပြုလုပ်ခဲ့သော ပြန်ကြားရေး ဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီအစည်း အဝေးတွင် (၂၂-၉-၂၀၂၁) နေ့မှ(၂၆-၁၀-၂၀၂၁) နေ့ထိ   လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာသည့် ထုတ်ဝေခြင်းလုပ်ငန်း အတွက်  အသစ်လျှောက်ထားသူ  ဂျာနယ်   တစ်ဦး၊ မဂ္ဂဇင်းတစ်ဦး၊ အထွေထွေ ခုနစ်ဦး  ပေါင်း   ကိုးဦးကိုလည်းကောင်း၊   သတင်း အေဂျင်စီလုပ်ငန်းလျှောက်ထားသူ        နှစ်ဦး ကိုလည်းကောင်း အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးရန် ခွင့်ပြုပေးခဲ့ပါသည်။
ပုံနှိပ်ခြင်းနှင့်    ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများပြဋ္ဌာန်းသည့် (၁၀-၁၀-၂၀၁၄) နေ့မှစ၍ ယနေ့အထိ ပုံနှိပ်ခြင်းလုပ်ငန်း ၁၆၉၆ ဦး၊   ထုတ်ဝေခြင်းလုပ်ငန်း   ၃၁၀၄ ဦးနှင့် သတင်းအေဂျင်စီလုပ်ငန်း ၃၈၅ဦး၊ စုစုပေါင်း ပုံနှိပ်ခြင်း၊ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီ လုပ်ငန်း ၅၁၈၅  ဦးအား    အသိအမှတ်ပြု လက်မှတ်များ        စိစစ်ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါ သည်။                 
    ပြန်ကြားရေးဝန်ကြီးဌာန