ပုလောမြို့ အ.ထ.က(၁)၌ ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ် နေ့ချင်းပြီးဆောင်ရွက်ပေး

 

ပုလော   ဩဂုတ်   ၂၂ 


လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပုလောမြို့နယ် ဦးစီးမှူးရုံးက ပန်းခင်း (၂) စီမံချက်ဖြင့်  အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေချင်းပြီး ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက ပုလောမြို့ အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်း ပြီး ဆောင်ရွက်ပေးသည်။

 

 
ပန်းခင်းစီမံချက်(၂) ဖြင့်   “လူမှုဘဝပြည့်စုံဖို့   နိုင်ငံသားကတ် ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ   နိုင်ငံသားတိုင်း   နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရေး၊ နိုင်ငံသားဂုဏ်သိက္ခာနှင့်အညီ နေထိုင်နိုင်ရေးအတွက် ပြည်သူလူထုအားလုံး၏ လက်ဝယ်၌ ဥပဒေအရ ကိုင်ဆောင်သင့်သည့် လက်မှတ်တစ်မျိုးမျိုးကို ကိုင်ဆောင်နိုင်ရေးအတွက် ပန်းခင်းစီမံချက်(၂)ဖြင့် ကွင်းဆင်း၍ ကျောင်းသား ကျောင်းသူများကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပုလောမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းဇာကျော်က ပြောကြားသည်။ 

 


အဆိုပါ ပုလောမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားကို ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၁၀၀ အား နေ့ချင်းပြီး  ဆောင်ရွက်ပေးပြီး လက်ဝယ်အရောက်ပေးအပ် ခဲ့ကြောင်း သိရသည်။

                               

အေးအေးမော် (ပုလော)