ပုလဲနှင့် ကျောက်စိမ်းအတွဲများ စတုတ္ထနေ့ ဆက်လက်ပြသရောင်းချ

 

 

နေပြည်တော်   ဒီဇင်ဘာ  ၂၀
၂၀၂၁ ခုနှစ်  ပုလဲအတွဲများနှင့်  ကျောက်စိမ်းအတွဲများ ပြပွဲ (Mini Gems Emporium) စတုတ္ထနေ့ကို ယနေ့တွင်     နေပြည်တော်ရှိ မဏိရတနာ   ကျောက်စိမ်းခန်းမ ၌     ကိုဗစ်-၁၉       ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်      အညီ ဆက်လက်ကျင်းပသည်။ 
နံနက်ပိုင်းမှစတင်၍   ပြည် တွင်း/ ပြည်ပ  ရတနာကုန်သည် များသည်        မဏိရတနာ ကျောက်စိမ်းခန်းမ အတွင်းပြသ ထားသည့်      ကျောက်စိမ်းအတွဲများ နှင့်  ခန်းမအပြင်ဘက်ရှိ  သတ်မှတ် နယ်မြေအလိုက်  ခင်းကျင်းပြသ ထားသည့်   ကျောက်စိမ်းအတွဲ များကို       စိတ်ကြိုက်လေ့လာ ကြည့်ရှုကြသည်။ 
၁၉၉တွဲ ရောင်းချနိုင်ခဲ့
ပြပွဲ        တတိယနေ့တွင် ကျောက်စိမ်းအတွဲ အမှတ် ( ၁ မှ ၂၅၀ ) အထိ  အိတ်ဖွင့်တင်ဒါစနစ် ဖြင့်          ရောင်းချပေးခဲ့ရာ  ကျောက်စိမ်းအတွဲပေါင်း ၁၉၉ တွဲ ရောင်းချ နိုင်ခဲ့ကြောင်းကြေညာပြီး ယနေ့ပြပွဲတွင်          ကျောက်စိမ်း အတွဲအမှတ် ၂၅၁ မှ ၅၀၀ အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့်    ရောင်း ချပေးခဲ့ရာ     ရတနာကုန်သည် များက      ခင်းကျင်းပြသထား သည့်    ကျောက်စိမ်းအတွဲများကို   ကြည့်ရှုစစ်ဆေးကြပြီး  ဈေးနှုန်း တင်သွင်းလွှာများကို    တင်ဒါပုံး များအတွင်းသို့    ထည့်သွင်းကြ သည်။ 
ဖွင့်ဖောက်စစ်ဆေး
ထို့နောက်  ကျောက်စိမ်းအတွဲ အမှတ်   ၂၅၁ မှ   ၅၀၀   အထိ တင်သွင်းထားသည့်     ဈေးနှုန်း တင်သွင်းလွှာများကို  တာဝန်ရှိသူ များက   မွန်းလွဲ  ၃   နာရီတွင် ပိတ်သိမ်းပြီး    ဖွင့်ဖောက်စစ်ဆေး ကာ    ဒီဇင်ဘာ  ၂၁ ရက်   နံနက်   ၁၁ နာရီတွင်     ရောင်းချရသည့် ကျောက်စိမ်း       အတွဲများအား  ကြေညာသွားမည်   ဖြစ်ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင်     မြန်မာ့ ကျောက်မျက်ရတနာပြပွဲ  ဗဟို ကော်မတီနာယက  သယံဇာတနှင့်   သဘာဝ ပတ်ဝန်းကျင်  ထိန်းသိမ်း ရေးဝန်ကြီးဌာန    ပြည်ထောင်စု ဝန်ကြီး  ဦးခင်မောင်ရီ၊   ဒုတိယ ဝန်ကြီး    ဦးမင်းမင်းဦးနှင့်    ပြပွဲ ဗဟို      ကော်မတီဝင်များသည်  မဏိရတနာ   ကျောက်စိမ်းခန်းမ အတွင်းရှိ   ကျောက်စိမ်းအတွဲများ နှင့်            ခန်းမအပြင်ဘက်ရှိ  ကျောက်စိမ်းအတွဲများအား အိတ် ဖွင့်တင်ဒါစနစ်ဖြင့်         ရောင်းချပေး နေမှုအခြေအနေများကို    ကြည့်ရှု အားပေးသည်။ 
ဆက်လက်ရောင်းချ
ပြပွဲတွင်    ပုလဲအတွဲပေါင်း ၃၃၀ ကို ဒီဇင်ဘာ ၁၈ ရက် မှ ၁၉ ရက်အထိ  ပြည်တွင်း/  ပြည်ပ ရတနာ        ကုန်သည်များကို  အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချ ပေးခဲ့ရာ  ပုလဲအတွဲပေါင်း ၃၃၀ ရောင်းချပေးနိုင်ခဲ့ပြီး ဒီဇင်ဘာ ၂၁ ရက်တွင်  ကျောက်စိမ်းအတွဲ ၅၀၁ မှ ၇၈၀  အထိ     ဆက်လက်ရောင်းချ ပေး      သွားမည်ဖြစ်ကြောင်း   သိရသည်။     
                            သတင်းစဉ်