ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများပြသရောင်းချပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပရာ ပုလဲအတွဲပေါင်း ၂၂၀ ရောင်းချနိုင်

 

နေပြည်တော်   ဒီဇင်ဘာ  ၁၈


၂၀၂၁  ခုနှစ်     ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများပြပွဲ(MINI GEMS EMPORIUM) ကို ကိုဗစ်- ၁၉ ကာကွယ်ရေး လမ်းညွှန်ချက် များနှင့်အညီ ယနေ့တွင် နေပြည် တော်ရှိ မဏိရတနာ ကျောက်စိမ်း ခန်းမ၌      ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပရာ  ပုလဲအတွဲ ပေါင်း ၂၂၀ ရောင်းချခဲ့ရကြောင်း သိရသည်။ 

 


ယနေ့နံနက်ပိုင်းမှ  စတင်၍ ပြည်တွင်း၊  ပြည်ပ      ရတနာ ကုန်သည်များသည် မဏိရတနာ ကျောက်စိမ်း         ခန်းမအတွင်း
ပြသထားသည့်    ပုလဲအတွဲများ၊   ကျောက်စိမ်းအတွဲများနှင့်  ခန်းမ အပြင်ဘက်  သတ်မှတ်နေရာများ အလိုက်      ခင်းကျင်းပြသထား သည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်ကြည့်ရှု   လေ့လာကြ သည်။

 


မွန်းလွဲပိုင်းတွင်     ရတနာ ကုန်သည်များသည် ရောင်းချမည့် ပုလဲအတွဲ အမှတ် ၁ မှ အတွဲအမှတ် ၂၂၀  အထိ     ပုလဲအတွဲများကို  ကြည့်ရှုစစ်ဆေးကြပြီး  ဈေးနှုန်း တင်သွင်းလွှာများကို    တင်ဒါပုံး များအတွင်းသို့     ထည့်သွင်းကြ သည်။ 

 


ထို့နောက်      တာဝန်ရှိသူများ က    ဈေးနှုန်းအဆိုပြုလွှာများကို ဖွင့်ဖောက်စစ်ဆေးကြပြီး   ပုလဲ အတွဲပေါင်း ၂၂၀ ကို   ရောင်းချရ ကြောင်း ကြေညာသည်။ 

 


ပုလဲအတွဲများနှင့် ကျောက်စိမ်း အတွဲများ     ပြသရောင်းချပွဲကို မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဒီဇင်ဘာ ၁၇ ရက်မှ ၂၂ ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး     ပြပွဲတွင် ပုလဲအတွဲ ၃၃၀၊ ကျောက်စိမ်းအတွဲ ၇၈၀ တို့ကို အိတ်ဖွင့်တင်ဒါစနစ် ဖြင့်  ပြည်တွင်း၊  ပြည်ပ  ရတနာ ကုန်သည်များကို   ရောင်းချပေး သွားမည်ဖြစ်ကြောင်း သိရသည်။ 

 


သတင်းစဉ်