
နေပြည်တော် ဒီဇင်ဘာ ၁၇
၂၀၂၁ ခုနှစ် ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲ များ ပြပွဲကို ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက် များနှင့်အညီ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပသည်။
၉၆ ပွဲမြောက်ဖြစ်
မြန်မာ့ကျောက်မျက်ရတနာပြပွဲများကို ၁၉၆၄ ခုနှစ်က စတင်ကျင်းပခဲ့ပြီး နိုင်ငံခြားငွေဖြင့် ရောင်းချ သည့် ပြပွဲ ၉၅ ပွဲ၊ မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် ပြပွဲ ၁၉ ပွဲ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ကြောင်းနှင့် ယခု ကျင်းပသည့် ၂၀၂၁ ခုနှစ် ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများ ပြပွဲသည် နိုင်ငံခြားငွေဖြင့် ရောင်းချသည့် ၉၆ ပွဲမြောက်ဖြစ်ကြောင်း သိရသည်။
ပြပွဲပထမနေ့တွင် ပြည်တွင်း/ ပြည်ပ ရတနာ ကုန်သည်များသည် နံနက် ၉ နာရီမှစတင်၍ မဏိရတနာကျောက်စိမ်းခန်းမအတွင်း ပြသထား သည့် ပုလဲအတွဲများ၊ ကျောက်စိမ်းအတွဲများနှင့် ခန်းမအပြင်၌ သတ်မှတ်နယ်မြေအလိုက် ခင်းကျင်း ပြသထားသည့် ကျောက်စိမ်းအတွဲ များကို စိတ်ကြိုက် ကြည့်ရှုလေ့လာကြသည်။
ယခုပြပွဲတွင်ရောင်းချမည့် ပုလဲအတွဲများအတွက် အနိမ့်ဆုံး အခြေခံဈေးမှာ အမေရိကန်ဒေါ်လာ တစ်ထောင်ဖြစ်ပြီး ကျောက်စိမ်းအတွဲ များအတွက် သတ်မှတ်ထားသည့် အနိမ့်ဆုံးအခြေခံဈေးမှာ ယူရို ငွေ ငါးထောင်ဖြစ်ကြောင်း၊ ပုလဲအတွဲများကို ဒီဇင် ဘာ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး ကျောက်စိမ်း အတွဲများကို ဒီဇင်ဘာ ၁၇ ရက်မှ ၁၉ ရက်နေ့အထိ ခင်းကျင်းပြသသွားမည်ဖြစ်ကာ ဒီဇင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း/ ပြည်ပ ရတနာကုန်သည်များကို ရောင်းချပေးသွား မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်