ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ တော်သလင်းလပြည့်နေ့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာသူ နှစ်သောင်းကျော်ထိရှိ

 

ညောင်ဦး    စက်တင်ဘာ   ၂၉


တော်သလင်းလပြည့်(ဂရုဓမ္မအခါ တော်)   နေ့တွင်   မြန်မာပြည် အရပ်ရပ်မှ      ပုဂံ - ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု   နယ်မြေ သို့  ဘုရားဖူးလာရောက်သူများဖြင့် စည်ကားလျက်ရှိကာ    ဘုရားဖူး လာရောက်သူ နှစ်သောင်းကျော် ခန့်    လာရောက်ဖူးမြော်လျက်ရှိ ကြောင်း သိရသည်။


ပုဂံ -  ညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ   ဂေါပက ထားရှိသည့်  ဘုရား ၁၉ ဆူအား ဝါတွင်းကာလ၌ နံနက် ၅နာရီမှ ည  ၇ နာရီအထိ ဖွင့်လှစ်ပေးသွား  မည်ဖြစ်ကြောင်း၊   တော်သလင်း လပြည့်နေ့တွင်     မြန်မာပြည် အရပ်ရပ်မှ ခရီးသွားဘုရားဖူးများ လာရောက်သူ များပြားလျက်ရှိရာ မြင်းလှည်း    အငှားလိုက်သူများ၊ E-Bike ၊ မီနီအိုးဝေ အငှားလိုက်သူ များ၊   ပြည်တွင်းဧည့်လမ်းညွှန် များ၊     စားသောက်ဆိုင်များ၊   လက်ရေးပန်းချီဆွဲသူများ  အလုပ် အကိုင်များ   ကောင်းနေကြကာ   ဟိုတယ်၊    တည်းခိုခန်းများတွင် လည်း         ခရီးသွားဘုရားဖူး ဝင်ရောက်မှု    များပြားခဲ့ကြောင်း သိရသည်။

ဒီပါလင်း