
ညောင်ဦး စက်တင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦး မြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ ဘုရားအမှတ်(၁၄၆၇) လောကဥသျှောင်ဘုရား အရှေ့ ဘက်မုခ်အဝင် တောင်ဘက်ခြမ်း စိုင်ပေါင်မှ အုတ်ချပ်ကွာကျမှု စက်တင်ဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၂၀ ခန့်က အုတ်ချပ် များကွာကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဘုရားအမှတ် (၁၄၆၇) လောကဥသျှောင် ဘုရားသည် တောင်ဘီကျေးရွာ အနီးတွင်ရှိပြီး စက်တင်ဘာ ၉ ၊ ၁၀၊ ၁၁ ရက်တို့ တွင် ညောင်ဦးမြို့နယ်အတွင်း မိုးရွာသွန်းမှု များခဲ့ရာ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဇေယျာလွင်၊ ပုဂံနယ်မြေရဲစခန်းမှ ဒုရဲအုပ် နေထက်ဝင်း၊ တောင်ဘီကျေးရွာ အုပ်ချုပ်ရေးမှူးတို့သည် မိုးရွာ သွန်းမှုကြောင့် ရှေးဟောင်းစေတီ၊ ပုထိုး၊ အုတ်အဆောက်အအုံများ ပျက်စီးမှု ရှိ/မရှိ လိုက်လံကြည့်ရှု စစ်ဆေးခဲ့ရာ တောင်ဘီကျေးရွာ အနီးရှိ ဘုရားအမှတ် (၁၄၆၇) လောကဥသျှောင် ဘုရားအရှေ့ ဘက်မုခ် တောင်ဘက်ခြမ်း စိုင်ပေါင်မှ အလျား ၁ ပေ ၉ လက်မ၊ အနံ ၁ ပေ ၉ လက်မခန့်၊ အမြင့် ၄ ပေခန့်၊ ထု ၁ ပေခန့် ပျက်စီးကွာကျခဲ့ကြောင်း သိရပြီး ရှေးမူမပျက် ပြန်လည်ပြုပြင် နိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း ရှေးဟောင်းသုတေသနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) ထံမှ သိရသည်။
ကိုကြေးမုံ