ပုဂံလူရည်ချွန်စခန်းသို့ ရောက်ရှိလာသည့် နဝမတန်း လူရည်ချွန်မောင်မယ်များကို ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ကြိုဆိုနှုတ်ဆက်

 

နေပြည်တော်   ဧပြီ   ၂၇
နဝမတန်း လူရည်ချွန်မောင်မယ် များသည်   ယနေ့နံနက်ပိုင်းတွင် ပုဂံလူရည်ချွန်စခန်းသို့  ရောက်ရှိ လာကြရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ဦးစီး၍ ဆရာအတတ်ပညာ ဦးစီး ဌာန      ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်၊     တိုင်းရင်းသား ဘာသာစကားဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူ သူနှင့် တာဝန်ရှိသူများက ပန်းကုံး များ၊  သပြေခက်များဖြင့်    လည်း ကောင်း၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်    အဖွဲ့ဝင် များ၊ ခရိုင်/မြို့နယ်  ပညာရေးမှူး များ၊ ဆရာ ဆရာမများ၊ ကျောင်း သားကျောင်းသူများနှင့် ဒေသခံ ပြည်သူများက     လမ်းဘေးဝဲယာ တစ်လျှောက်မှ    လည်းကောင်း သောင်းသောင်းဖြဖြ   ကြိုဆိုကြ သည်။  
ထူးချွန်      ထက်မြက်သည့် ကျောင်းသား  ကျောင်းသူများကို စံနမူနာထားကာ ကျောင်းသား လူငယ်များကို ပြုစုပျိုးထောင်ပေးရန်ရည်ရွယ်ချက်ဖြင့် လူရည်ချွန် စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ     ၂၀၂၃-၂၀၂၄  ပညာသင်နှစ်  နဝမတန်း လူရည်ချွန် ကျောင်းသား ကျောင်း သူ ၁၄၀၊ ဒသမတန်းလူရည်ချွန် ကျောင်းသား  ကျောင်းသူ ၁၄၀၊ ဧကာဒသမတန်း   လူရည်ချွန် ကျောင်းသား ကျောင်းသူ ၁၃၇ ဦး၊ ဒွါဒသမတန်း     လူရည်ချွန် ကျောင်းသား ကျောင်းသူ ၁၃၇ ဦး စုစုပေါင်း  လူရည်ချွန်   ကျောင်း သား ကျောင်းသူ   ၅၅၄    ဦးကို မွေးထုတ်နိုင်ခဲ့သည်။ 
ပုဂံ၊ အင်းလေး၊ ငွေဆောင်နှင့် ချောင်းသာလူရည်ချွန်အပန်းဖြေစခန်းများသို့ သွားရောက်ကြမည့် အဆိုပါ လူရည်ချွန်မောင်မယ်များ သည်       ယနေ့နံနက်ပိုင်းတွင် နေပြည်တော်စုရပ်စခန်းမှ သက် ဆိုင်ရာ လူရည်ချွန်အပန်းဖြေစခန်း မှူးများ၊   ကြီးကြပ်ဆရာ  ဆရာမ များနှင့်အတူ   ပုဂံ၊   တောင်ကြီး၊ ငွေဆောင်လူရည်ချွန်    စခန်း အသီးသီးသို့ လေ့လာရေးခရီးစဉ် များ    စတင်ထွက်ခွာခဲ့ကြသည်။ ပုဂံလူရည်ချွန်အပန်းဖြေစခန်းမှူး ဖြစ်သည့် မန္တလေးတိုင်းဒေသကြီး ပညာရေးမှူး     ဒုတိယညွှန်ကြား ရေးမှူးချုပ်    ဦးကျော်မိုးထွန်း ဦးဆောင်သည့် ၂၀၂၃-၂၀၂၄ ပညာ သင်နှစ်     နဝမတန်း(Grade-9) လူရည်ချွန်ကျောင်းသား ကျောင်း သူများနှင့် ကြီးကြပ်ဆရာ ဆရာမ များသည်  နံနက်   ၁၁  နာရီတွင် ပုဂံလူရည်ချွန်စခန်းသို့ရောက်ရှိခဲ့ကြောင်း သိရသည်။    သတင်းစဉ်