ပုဂ္ဂလိက‌ဆေးရုံများကို ကျန်းမာရေးလုပ်ငန်းဆိုင်ရာကွင်းဆင်းစစ်ဆေး

 

ရန်ကုန်  မတ်  ၂၃


ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက‌ ကျန်းမာရေး     လုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီက ပုဂ္ဂလိက ဆေးရုံများကို ကျန်းမာရေးလုပ်ငန်း ဆိုင်ရာများ ကွင်းဆင်းစစ်ဆေးခြင်း ကို ယမန်နေ့က ဆောင်ရွက်သည်။


အဆိုပါ ပုဂ္ဂလိက‌ဆေးရုံများ အား ကျန်းမာရေးလုပ်ငန်းဆိုင်ရာကွင်းဆင်းစစ်ဆေးခြင်းကို ရန်ကုန် တိုင်းဒေသကြီး  လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့်    ရန်ကုန်တိုင်း‌ ဒေသကြီး   ကုသရေးဦးစီးဌာနမှ   တာဝန်ရှိသူများသည်      ဗိုလ် တထောင်ခရိုင်       သာကေတ မြို့နယ်    (၄/တောင်)   ရပ်ကွက် မြင်တော်သာ လမ်းအမှတ်(၅၂၄)တွင် “လင်း” အထူးကုဆေးရုံဖွင့်လှစ်နိုင်ရေးအတွက်  အဆောက် အဦဆောက်လုပ်ခွင့်နှင့်  စပ်လျဉ်း ၍ မြန်မာနိုင်ငံ    ရင်းနှီးမြှုပ်နှံမှ ကော်မတီ၏ စည်းမျဉ်းစည်းကမ်း များအတိုင်း လိုက်နာဆောင်ရွက် ခြင်း   ရှိ/မရှိနှင့် လုပ်ငန်းလိုင်စင် များကို  ဥပဒေ၊  နည်းဥပဒေများ အတိုင်း လိုက်နာ‌ဆောင်ရွက်သွား ရန် ကွင်းဆင်းစစ်ဆေး ပြောကြား သည်။


ဆက်လက်၍   ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိက‌ကျန်းမာရေးလုပ်ငန်းဆိုင်ရာ    ကြီးကြပ်ရေး ကော်မတီအဖွဲ့သည်     “လင်း” အထူးကုဆေးရုံ    ဖွင့်လှစ်နိုင်ရေး အတွက်    အဆောက်အဦးအား လိုက်လံကြည့်ရှုစစ်ဆေးသည်။


အောင်မြင့်(ပြန်/ဆက်)