ရန်ကုန် နိုဝင်ဘာ ၃
လူကြိုက်အများဆုံး အွန်လိုင်း ဂိမ်းတစ်ခုဖြစ်သည့် PUBG ဂိမ်း ကို အဆင့်မြှင့်တင်ထားသည့် ဂိမ်းသစ်ဖြစ်သော PUBG: NEW STATE ဂိမ်းကို နိုဝင်ဘာ ၁၁ ရက်တွင် တစ်ကမ္ဘာလုံး၌ တရား ဝင် စတင်ကစားနိုင်တော့မည် ဖြစ်ကြောင်း ဂိမ်းထုတ်လုပ်သည့် KRAFTON, Inc. က အောက်တို ဘာ ၂၂ ရက်က ပြုလုပ်ခဲ့သော PUBG: New State Media Showcase ပွဲ၌ ကြေညာခဲ့ကာ ဂိမ်းကို တရားဝင် မဖြန့်ဝေမီ နောက်ဆုံးထုတ်လုပ်သည့် စမ်း သပ်ဗားရှင်းကိုလည်း အောက်တို ဘာ ၂၉ နှင့် ၃၀ နှစ်ရက်ကြာ ဖြန့်ဝေပေးခဲ့သည်။
ဂိမ်း၏ နောက်ဆုံးစမ်းသပ် ဗားရှင်းကို နိုင်ငံပေါင်း ၂၈ နိုင်ငံ အတွက် ထုတ်ပေးခဲ့ရာတွင် မြန်မာနိုင်ငံလည်း ပါဝင်ခဲ့သဖြင့် ထိုနှစ်ရက်အတွင်း မြန်မာနိုင်ငံမှ PUBG ဂိမ်းဝါသနာရှင်များ စမ်း သပ် ကစားခဲ့ကြပြီးဖြစ်သည်။
လက်ရှိအချိန်တွင် စမ်းသပ် ကစားခွင့် ပေးထားသည့်ရက် ပြီးသွားပြီဖြစ်၍ ကစားလိုသူများ အနေဖြင့် နိုဝင်ဘာ ၁၁ ရက်အထိ စောင့်ကာ ထိုနေ့တွင် တရားဝင် ဖြန့်သည့်ဗားရှင်းကို ဒေါင်းလုပ် ဆွဲပြီး သို့မဟုတ် လက်ရှိစမ်းသပ် ဗားရှင်းကို update လုပ်ပြီး ပြန် လည်ကစားနိုင်မည်ဖြစ်ကြောင်း သိရသည်။
PUBG: NEW STATE ဂိမ်း သည် လက်ရှိကစားနေကြသော PUBG ဂိမ်းကို အဆင့်မြှင့်တင် ထားကာ ၂၀၅၁ ခုနှစ်ကို အခြေခံ ၍ ရေးဆွဲထားသော ဂိမ်းဖြစ် သည်။ ဂိမ်းပလေးမှာ PUBG ကဲ့သို့ပင် ကျွန်းတစ်ခုပေါ်တွင် ရောက်နေသော အခြားကစားသူ များကို ပစ်ခတ်ကာ မိမိအဖွဲ့သာ အသက်ရှင်ကျန်အောင် ကြိုးစား ရသည့် Survival ဂိမ်းအမျိုးအစား ဖြစ်သည်။
ဂရပ်ဖစ်ပိုင်းတွင်မူ PUBG ထက် များစွာ ပိုမိုကောင်းမွန် သလို ဂိမ်းအတွင်း၌လည်း ကစားသူစိတ်ကြိုက် ပြောင်းလဲ တပ်ဆင်နိုင်သော လက်နက် အသစ်အဆန်းများ၊ အမျိုးအစား စုံလင်သော ယာဉ်အမျိုးမျိုးနှင့် ထူးခြားဆန်းသစ်သော ပြောင်း လဲမှုအများအပြား ပြုလုပ်ထားသည်။
PUBG: NEW STATE ကို ထုတ်လုပ်သည့် တောင်ကိုရီးယား ဂိမ်းကုမ္ပဏီ Krafton အနေဖြင့် ဂိမ်းကို RAM 2GB ရှိသော ဖုန်း များတွင် ကစားနိုင်သည်ဟု ဆိုထားသော်လည်း နောက်ဆုံး စမ်းသပ်ဗားရှင်းကို ကစားပြီး သော ပြည်တွင်းမှ ဂိမ်းကစားသူ များ၏ အတွေ့အကြုံအရ ဂိမ်းကို အနည်းဆုံး RAM 4GB ရှိမှသာ အဆင်ပြေရုံ ကစားနိုင်ကြောင်း နှင့် ဂိမ်း၏ အမြင့်ဆုံးဂရပ်ဖစ် အရည်အသွေးဖြစ်သည့် Ultra နှင့် အမြင့်ဆုံး Frame Rate ဖြစ် သည့် Ultra သို့မဟုတ် Max တွင် ကစားမည်ဆိုလျှင် အနည်းဆုံး RAM 6GB နှင့်အထက်၊ Frame Rate 80 Hz နှင့်အထက်ရှိသော ဖုန်းများမှသာ အဆင်ပြေမည်ဖြစ် ကြောင်း သိရသည်။
ကိုစိုး



