ပဋိပက္ခဖြစ်ပွားချိန်အတွင်း ကျန်းမာရေးအဆောက်အအုံများနှင့် ဝန်ထမ်းများကိုကာကွယ်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ တောင်းဆို

 

ဂျီနီဗာ  ဧပြီ  ၉ 
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲသည်      ပဋိပက္ခဖြစ်ပွားနေချိန် အတွင်း ကျန်းမာရေးအဆောက်အအုံများနှင့် ဝန်ထမ်းများကို ပစ်မှတ် ထားသည့် အကြမ်းဖက်မှုမှကာကွယ်ရန် တောင်းဆိုလိုက်သည်။ 
ဂျီနီဗာရှိ ကျန်းမာရေးအဖွဲ့ရုံးချုပ် ဆွေးနွေးပွဲ၌ ညွှန်ကြားရေးမှူး ချုပ် တက်ဒရော့စ်အက်ဒဟာနွန်ဂီဘရီယက်စ်ဆုစ်က ဂါဇာ၊ ဆူဒန်နှင့် အီသီယိုးပီးယားတို့တွင်  ကျန်းမာရေးအဆောက်အအုံများ ပျက်စီးခြင်း နှင့်     ဝန်ထမ်းများထိခိုက်ခြင်းကို  စံတစ်ခုလိုတွေ့မြင်နေရကြောင်း ပြောကြားခဲ့သည်။ 
အစ္စရေးက   အကူအညီပေးရေးလုပ်သားများကို     တိုက်ခိုက်မှု ပြုလုပ်ပြီးနောက်ပိုင်းတွင် တက်ဒရော့စ်၏  ယခုလိုမှတ်ချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။အစ္စရေး၏တိုက်ခိုက်မှုသည်  နိုင်ငံတကာအထိ နာကြည်းချက်များ      ကူးစက်ပျံ့နှံ့ခဲ့ပြီး      ယင်းတိုက်ခိုက်မှုအပေါ်  ပြစ်တင်ဝေဖန်ရှုတ်ချမှုများလည်း    ပြုလုပ်ခဲ့ကြသည်။    အကြမ်းဖက် တိုက်ခိုက်ခြင်းများသည်  ဝန်ပိနေသည့်   ကျန်းမာရေးစနစ်ကို  ပိုမို ဆိုးရွားစေခဲ့ပြီး  နာတာရှည်ရောဂါသည်များအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်းထန်သော ခံစားမှုများကို ဖြစ်ပွားစေခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့အကြီးအကဲက ပြောသည်။ 
လွန်ခဲ့သောနှစ်က ကျန်းမာရေးအဆောက်အအုံများကို တိုက်ခိုက် မှု   ၁၄၀၀   ကျော်   ပြုလုပ်ခဲ့သောကြောင့်    သေဆုံးသူ   ၇၄၂ ဦးရှိပြီး ထောင်ကျော်ဒဏ်ရာရရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စာရင်း ဇယားများအရ သိရသည်။ 
ထို့ကြောင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများနှင့် ဆေးရုံအဆောက် အအုံများသည်    အကြမ်းဖက်ပဋိပက္ခများအတွင်း   ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးကြေညာချက်အရ   အရေးပါလှကြောင်း  ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အဆင့်မြင့်မဟာမင်းကြီး ဗော်ကာတာ့ခ်က တနင်္လာနေ့ဆွေးနွေးပွဲတွင် ပြောကြားသည်။ 
ပဋိပက္ခမဖြစ်ပွားသည့်ဒေသများတွင်လည်း ကမ္ဘာကြီးပူနွေးမှုသည် မိုးခေါင်ရေရှားခြင်းနှင့် ရေကြီးခြင်းတို့ကို ပိုမိုဆိုးရွားစေပြီး ကျန်းမာရေး နှင့် စားဝတ်နေရေးကို ထိခိုက်ပျက်စီးစေကြောင်း တာ့ခ်က ပြောသည်။ 
ကမ္ဘာလုံးဆိုင်ရာ   ကျန်းမာရေးလွှမ်းခြုံဖြန့်ကြက်မှုကို    တိုးမြှင့် သင့်ကြောင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိရန်သည် လူ့အခွင့် အရေးဖြစ်ကြောင်းနှင့် နိုင်ငံရေးပြဿနာတစ်ရပ်  မဟုတ်ပါကြောင်း ၎င်းတို့က ပြောသည်။                       ဆင်ဟွာ