
နေပြည်တော် နိုဝင်ဘာ ၁၀
ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့်ကော်မတီအစည်းအဝေး (၃/၂၀၂၁)ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
တက်ရောက်
အစည်းအဝေးသို့ ပဋိပက္ခအတွင်း လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသား အဆင့် ကော်မတီဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်လင်းထွန်းနှင့် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်၊ အမျိုးသားအဆင့် ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး၊ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယ ရှေ့နေချုပ် ဦးစန်းလွင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် အမျိုးသားအဆင့် ကော်မတီဝင် သက်ဆိုင်ရာဌာနများမှ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာ နိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပဋိပက္ခအတွင်း လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို စီမံချက်အကောင်အထည်ဖော် သည့်နေ့မှစ၍ တစ်နှစ်တိတိ ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ လုပ်ငန်းစီမံချက်ပါ လုပ်ငန်းရပ်များအား အကောင်အထည်ဖော် ဆောင်ရွက်သည့်အခါ သက်ဆိုင်ရာဌာနများအနေဖြင့် မိမိတို့ကဏ္ဍအလိုက် အကောင်အထည်ဖော်ရမည့် လုပ်ငန်းများရှိသကဲ့သို့ ဌာနများ ပေါင်းစပ်ညှိနှိုင်း အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံများကို ပူးပေါင်း ဆောင်ရွက်ပေးကြရန်ဖြစ်ကြောင်း ပြောကြားပြီး ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်းနှင့် ဗိုလ်ချုပ်စိုးတင့်နိုင်တို့က အမှာစကားပြောကြားကြ သည်။
အကြံပြုဆွေးနွေး
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်က အမျိုးသားအဆင့်လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများအနေဖြင့် လုပ်ငန်းစီမံချက်ပါ အကောင်အထည်ဖော်မှုများအား အမျိုးသားအဆင့်ကော်မတီသို့ သုံးလ တစ်ကြိမ် အစီရင်ခံစာ တင်ပြနိုင်ရေး၊ အမျိုးသားအဆင့်လုပ်ငန်း စီမံချက် အကောင်အထည်ဖော်မှုကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် UN သို့ အသိပေးမှုများ ဆောင်ရွက်နိုင်ရေး၊ တိုင်ကြားမှုနည်းလမ်းများကို ပြည်သူလူထုသို့ ထိရောက်စွာ အသိပေးနိုင်ရေး၊ တိုင်ကြားမှုယန္တရားနှင့်ပတ်သက်၍ ဆောင်ရွက်မှု လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြရာ တက်ရောက် လာကြသော အမျိုးသားအဆင့်ကော်မတီဝင်များက ဖြည့်စွက်အကြံပြုဆွေးနွေးကြသည်။
ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်၏ သက်တမ်းကာလမှာ တစ်နှစ်ဖြစ်ပြီး ယနေ့မှစတင် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်