
ရန်ကုန် အောက်တိုဘာ ၂၃
နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ၊ မဲရုံတာဝန်ကျ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ကိုဗစ် -၁၉ ရောဂါကာကွယ်၊ ထိန်းချုပ် ၊ ကုသရေး အတွက် ဖြန့်ဝေပေးမည့် တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူထား သောပစ္စည်းများ အောက်တိုဘာ ၂၁ ရက်၊ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အထူးလေယာဉ်များဖြင့် ထပ်မံ ရောက်ရှိလာသည်။
ယနေ့အထိ ရောက်ရှိပြီး ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးပစ္စည်းများမှာ KN95 Masks ၅၇၆၈၀၀၀ ၊ Protective Face Masks ၂၅၀၄၀၀ ၊ PPE Medical Protective Clothings ၆၆၇၀၀ ၊ Boots ၄၅၀၀ တို့ဖြစ်ကြောင်း သိရသည်။
အထောက်အကူပစ္စည်းများမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့မှတစ်ဆင့် အောက်တိုဘာ ၂၄ ရက်မှ နိုဝင်ဘာ ၃ ရက်အထိ အထူးလေယာဉ်များဖြင့် ဆက်လက် ရောက်ရှိလာမည် ဖြစ်ကြောင်း သိရ သည်။ သတင်းစဉ်