ပထမနှစ်ဝက်ကာလအတွင်း စင်ကာပူသို့ လာရောက်သည့် ခရီးသွားရှစ်သန်းကျော်ရှိ

စင်ကာပူ   ဇူလိုင် ၁၀
စင်ကာပူနိုင်ငံသို့   ယခုနှစ်   ပထမနှစ်ဝက်အတွင်း လာရောက်သည့်ခရီးသွား ၈ ဒသမ ၄၂ သန်းရှိပြီး ၂၀၁၉ ခုနှစ်ကပ်ရောဂါ ကာလမတိုင်မီ  ခရီးသွား လာရောက်မှု၏ ၈၈ ရာခိုင်နှုန်းထိ ပြန်လည်ရောက် ရှိလာပြီဖြစ်ကြောင်း    စင်ကာပူခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့က     နောက်ဆုံးထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။
ဇန်နဝါရီလမှ   ဇွန်လအတွင်း    စင်ကာပူသို့ လာရောက်သည့်ခရီးသွားအများစုမှာ တရုတ်နိုင်ငံမှ ဖြစ်သည်။ တရုတ်နိုင်ငံမှ ခရီးသွား ၁ ဒသမ ၄၅ သန်း လာရောက်ခဲ့ပြီးယင်းနောက်တွင် အင်ဒိုနီးရှား၊ အိန္ဒိယ၊ မလေးရှားနိုင်ငံတို့မှ ခရီးသွားများအများဆုံး စင်ကာပူသို့  လာရောက်လည်ပတ်သည်ဟု   သိရ သည်။
ဇွန်လတစ်လအတွင်း စင်ကာပူသို့ လာရောက် သည့် ခရီးသွား ၁ ဒသမ ၂၅သန်းရှိပြီး  ယမန်နှစ်ကနှင့် နှိုင်းယှဉ်လျှင် ၁၀ ဒသမ ၇ ရာခိုင်နှုန်း တိုးလာခြင်း ဖြစ်သည်။ ယခုနှစ်အတွင်း စင်ကာပူသို့ နိုင်ငံခြား ခရီးသွား ၁၅ သန်းမှ ၁၆ သန်းအထိ  လာရောက် လည်ပတ်နိုင်သည်ဟု  စင်ကာပူခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့က ခန့်မှန်းထားသည်။           ဆင်ဟွာ