ပထမဆုံး မျက်နှာပြင်အောက်ကင်မရာ ပါဝင်လာပေမယ့် အားနည်းချက်ရှိနေတဲ့ Xiaomi Mix 4

 

Xiaomi Mix 4 ဟာ Xiaomi ကထုတ်တဲ့ ဖုန်းတွေအားလုံးထဲမှာ ပထမဆုံးအနေနဲ့ မျက်နှာပြင်အောက်ကင်မရာ ပါဝင်လာတဲ့ဖုန်း ဖြစ်ပါ တယ်။  မျက်နှာပြင်အောက်ကင်မရာ  နည်းပညာသစ်နဲ့အတူ  ကမ္ဘာ့ ပထမဆုံး ၁၀၈ မဂ္ဂါပစ်ဇယ်ကင်မရာ၊ Snapdragon 888 CPU ၊ 120W အမြန်အားသွင်းစနစ်နဲ့ ကြိုးမဲ့အားသွင်းစနစ်တို့ အပါအဝင် မြင့်မားတဲ့ အခြားစွမ်းဆောင်ရည်တွေလည်း ပါဝင်နေတဲ့ တန်ဖိုးမြင့်ဖုန်းတစ်လုံးဖြစ်ပါတယ်။ Mi Mix 4 ကို တရုတ်နိုင်ငံတွင်းဈေးကွက်မှာ ဩဂုတ်လကုန် ပိုင်းက စရောင်းပေမယ့် ပြည်တွင်းဈေးကွက်ထဲကိုတော့ အောက်တိုဘာ လကုန်ပိုင်းမှ  ဝင်ရောက်လာတာဖြစ်ပါတယ်။  Mi Mix 4 ဖုန်းရဲ့ အဓိက အချက်တွေကို ဖော်ပြလိုက်ပါတယ်။

 


Xiaomi  ရဲ့  Mix  ဖုန်းစီးရီးတွေဟာ   စွမ်းဆောင်ရည်မြင့်သလို Mi  Mix 4 ဟာလည်း စွမ်းဆောင်ရည်ပိုင်းမှာ အထူးကောင်းမွန်ပေမယ့် ပထမဆုံး နည်းပညာသစ်ဖြစ်တဲ့ မျက်နှာပြင်အောက်ကင်မရာပိုင်းမှာတော့ အားနည်းချက်တွေရှိနေတယ်လို့ နိုင်ငံတကာက သုံးသပ်ချက် တွေအရ  သိရပါတယ်။  ၂၀ မဂ္ဂါပစ်ဇယ် ဆယ်လ်ဖီကင်မရာဟာ  ပုံမှန် ဆိုရင် အရည်အသွေးအကောင်းဆုံး ဓာတ်ပုံတွေကို ရိုက်ကူးနိုင်ရမှာ ဖြစ်ပေမယ့် ဒီဖုန်းမှာတော့ မျက်နှာပြင်အောက်ကင်မရာ နည်းပညာက အဆင်မပြေသေးဘဲ  ဆယ်လ်ဖီကင်မရာရဲ့  ပုံထွက်အရည်အသွေးဟာ ရှိသင့်တာထက်နိမ့်နေတယ်လို့ နိုင်ငံတကာ သုံးသပ်ချက်တွေက ဆိုထား ပါတယ်။ ဈေးနှုန်းက လက်ရှိ ပြည်တွင်းဈေးကွက်မှာတွေ့ရတဲ့  8/256 ဖုန်းအတွက်  ကျပ် ၁၅ သိန်းကျော်ဖြစ်ပါတယ်။                          

ကိုစိုး