
နေပြည်တော် ဇန်နဝါရီ ၄
မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ် မည့် ပထမအကြိမ် ရေကြောင်း တိုင်းတာရေးဆိုင်ရာ ပူးတွဲ ကော်မတီအစည်းအဝေး (1st Joint Committee Meeting-JCM) သို့ တက်ရောက်ရန်အတွက် အိန္ဒိယရေတပ်မှ ရေကြောင်း တိုင်းတာရေးဆိုင်ရာ အကြီးအကဲ ဖြစ်သူ Vice Admiral Adhir Arora နှင့်ဇနီး ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့သည် ယနေ့ညပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့ သို့ ရောက်ရှိလာရာ တပ်မတော် (ရေ)မှ အရာရှိကြီးများ၊ မြန်မာ နိုင်ငံဆိုင်ရာ အိန္ဒိယရေတပ် စစ်သံမှူးနှင့် တာဝန်ရှိသူများ က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုနှုတ်ဆက် ကြသည်။
အဆိုပါကိုယ်စားလှယ်အဖွဲ့ သည် မြန်မာနိုင်ငံတွင် ဇန်နဝါရီလ ၈ ရက်အထိ ငါးရက်ကြာ နေထိုင် ၍ ပူးတွဲကော်မတီ အစည်း အဝေးသို့ တက်ရောက်ခြင်းနှင့် ရန်ကုန်မြို့ရှိ အထင်ကရနေရာ များသို့ လေ့လာလည်ပတ်သွား မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်