ပရီမီယာလိဂ် ရှုံးပွဲကြုံတွေ့ရပြီဖြစ်သည့် လီဗာပူး

 

 

ပရီမီယာလိဂ်      ပွဲစဉ်   (၁၁)   ၏ နောက်ဆုံးပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်း နှင့် လီဗာပူးအသင်းတို့ ပွဲစဉ်ကို နိုဝင်ဘာ ၇ ရက် ညပိုင်းက ဝက်စ်ဟမ်းအိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ ဝက်စ်ဟမ်းအသင်းက သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ 
ဝက်စ်ဟမ်းအသင်းသည်     ယခုနိုင်ပွဲ ကြောင့်  ပွဲစဉ် (၁၁)အပြီးတွင်  ရမှတ် ၂၃ မှတ် ဖြင့်  အမှတ်ပေးဇယား အဆင့် (၃) နေရာအထိ    တက်လှမ်းလာနိုင်ခဲ့ပြီး နောက်ဆုံးယှဉ်ပြိုင် ကစားခဲ့သည့်      ပရီမီယာလိဂ်လေးပွဲတွင် လေးပွဲစလုံး    နိုင်ပွဲရရှိခဲ့ခြင်း ဖြစ်သည်။ ပြိုင်ဘက်လီဗာပူးအသင်းက ယခုပွဲရှုံးနိမ့်မှု ကြောင့် ရမှတ် ၂၂ မှတ်ဖြင့် အဆင့် (၄) နေရာ တွင်  ရပ်တည်နေသော်လည်း  ဦးဆောင်သူ ချယ်ဆီးအသင်းနှင့် ရမှတ်ကွာဟမှု လေးမှတ် အထိရှိလာခဲ့ပြီဖြစ်သည်။  
နိုင်ပွဲရရှိရေးကို  နှစ်သင်းစလုံး  ဦးတည် လာသည့်အတွက် ပွဲစသည်နှင့်တစ်ပြိုင်နက် အကြိတ်အနယ်ရှိခဲ့ပြီး ပြိုင်ဆိုင်မှုပြင်းထန် ခဲ့သည်။ လီဗာပူးအသင်းသည် ယနေ့ပွဲစဉ်တွင် ဝက်စ်ဟမ်းအသင်းအပေါ် ဖိအားပေးထိန်းချုပ် ကစားနိုင်ခဲ့သော်လည်း အသင်းကစားသမား များ  အဆုံးသတ်မသေချာမှု၊   ဝက်စ်ဟမ်း အသင်း ခံစစ်နှင့် ဂိုးသမားတို့ ဟန့်တားရှင်း ထုတ်နိုင်ခဲ့သောကြောင့်  နိုင်ပွဲနှင့်   ဝေးကွာ ခဲ့ရခြင်းဖြစ်သည်။     ပွဲချိန်လေးမိနစ်တွင် လီဗာပူးဂိုးသမား   ဘက်ကာ၏   အမှားမှ တစ်ဆင့်  ဝက်စ်ဟမ်းအသင်း အဖွင့်ဂိုးရရှိခဲ့ သည်။     အဖွင့်ဂိုးခွင့်ပြုပေးခဲ့ရပြီးနောက် လီဗာပူးအသင်း ချေပဂိုးရရှိရေး ကြိုးစားလာ ရာ  ပွဲချိန် ၄၁ မိနစ်တွင်  အာနိုးက သွင်းယူ ပေးနိုင်ခဲ့သည်။ 
ဒုတိယပိုင်းတွင်    ဝက်စ်ဟမ်းအသင်း၏ ကစားအားကောင်းမွန်လာခဲ့ပြီး သွင်းဂိုးများ ရရှိခဲ့သည်။    ဝက်စ်ဟမ်းအသင်းအတွက် ဒုတိယဂိုးကို ပွဲချိန် ၆၇ မိနစ်တွင် ဖော်နေးလ် က  သွင်းယူပေးကာ  တတိယဂိုးကို  ပွဲချိန် ၇၄ မိနစ်တွင်   ဇူးမားက   သွင်းယူပေးနိုင် ခဲ့သည်။   လီဗာပူးအသင်းအတွက်   ဒုတိယ ချေပဂိုးကို ပွဲချိန် ၈၃ မိနစ်တွင် လူစားဝင် ကစားသမား   အိုရီဂီက    သွင်းယူပေးနိုင် ခဲ့သည်။ 
ဝက်စ်ဟမ်းအသင်းသည် ယခုနှစ်ရာသီ တွင် ခြေစွမ်းပြကစားထားနိုင်သည့်အသင်း ဖြစ်ကာ ကာရာဘောင် ဖလားပြိုင်တွင် မန်ယူ၊ မန်စီးတီးစသည့် နာမည်ကြီးအသင်းများကို ကျော်ဖြတ်၍   ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်ထားနိုင်သလို ယူရိုပါလိဂ်ပြိုင်ပွဲ တွင်လည်း အုပ်စုပွဲစဉ်များမပြီးဆုံးမီ ရှုံးထွက် အဆင့်သို့ တက်ရောက်ထားနိုင်သည့် အသင်း ဖြစ်သည်။ 
ဝက်စ်ဟမ်းအသင်းသည် လာမည့်ပွဲစဉ် အဖြစ် နိုဝင်ဘာ ၂၀ ရက်တွင် ဝုဖ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး လီဗာပူးအသင်း က နိုဝင်ဘာ ၂၁ ရက်တွင် အာဆင်နယ်အသင်း နှင့်    ဆက်လက်ယှဉ်ပြိုင်      ကစားရမည် ဖြစ်သည်။                                                                                             
အောင်ဇော်