ပါပူအာနယူးဂီနီမြေပြိုမှု ကယ်ဆယ်ရေးလုပ်ငန်းများအဆုံးသတ်

ပို့တ်မော့စဘီ  ဇွန်  ၇ 
ပါပူအာနယူးဂီနီနိုင်ငံ၌  ကြောက်မက်ဖွယ်  မြေပြို မှုဖြစ်ပွားပြီးနောက် နှစ်ပတ်အကြာ ပျောက်ဆုံးနေသူများရှိနေသေးသော်လည်း   အာဏာပိုင်များက ကယ်ဆယ်ရေးလုပ်ငန်းများကို အဆုံးသတ်လိုက်ပြီ ဟု   သိရသည်။    နိုင်ငံမြောက်ပိုင်းရှိ    ကျေးရွာ တစ်ရွာမှာ အပျက်အစီးများအောက် နစ်မြုပ်သွားပြီ ဖြစ်သည်။ ကယ်ဆယ်ရေးနှင့် ရှာဖွေရေးလုပ်ငန်းများ ကို ဇွန် ၆ ရက်တွင် အဆုံးသတ်လိုက်ပြီဟု ပြည်နယ် အစိုးရက ပြောသည်။ 
နောက်ထပ်မြေပြိုမှုအန္တရာယ်များ   ရှိနေသေး သည့်အပြင်   ပုပ်နေပြီဖြစ်သည့်အလောင်းများမှ      ရောဂါများကူးစက်နိုင်သည့်    အန္တရာယ်များလည်း ရှိသည်။   ပို့တ်မော့စဘီမြို့ အနောက်မြောက်ဘက် ၆၀၀  ကီလိုမီတာအကွာ ရှိ    တောင်တန်းထူထပ်သည့်   အန်ဂါပြည်နယ်၌  မေ ၂၄  ရက်က သဘာဝဘေး ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ 
သေဆုံးသူ ၁၀ ဦးဟု အတည်ပြုခဲ့သော်လည်း မြေပြိုမှုပမာဏကြီးမားသည့်အတွက်     အမှန် တကယ်သေဆုံးသူဦးရေကို   သိရှိရန်ခက်ခဲသည်။ အပျက်အစီးများအောက်တွင်     နစ်မြုပ်နေသည့် လူပေါင်း  ၂၀၀၀  ထက်မနည်းရှိသည်ဟု  အစိုးရက ပြောသည်။ အန္တရာယ်များပြားသည့် အခြေအနေများ ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများတွင်  အဟန့် အတားများဖြစ်ပေါ်ခဲ့ရသည်။ 
အဓိကလမ်းမကြီးနှင့်    အခြားသောလမ်းများဆက်သွယ်ရေးပြတ်တောက်နေခြင်းမှာလည်း အဓိက အကြောင်းရင်းဖြစ်သည်။     အချို့သောသူများမှာ ပျောက်ဆုံးနေသည့် မိသားစုဝင်များကိုရှာဖွေရန် တုတ်ချောင်းတစ်မျိုးတည်းကိုသာ အသုံးပြုတူးဖော် ရှာဖွေနေကြသည်ဟု ကယ်ဆယ်ရေးအဖွဲ့အစည်း တစ်ခုက ပြောသည်။ အန္တရာယ်များသည့်နေရာတွင် နေထိုင်နေကြသည့်    ဒေသခံ    ၁၀၀၀     ကျော်ကို ကယ်ဆယ်ရွှေ့ပြောင်းပေးရန်  ပြည်နယ်အစိုးရကတောင်းဆိုလျက်ရှိသည်။          
အင်န်အိတ်ချ်ကေ