ပျဉ်းမနားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ကို ဒုတိယအသုတ် ပထမအကြိမ်ထိုးနှံ

 

ပျဉ်းမနား စက်တင်ဘာ ၂၁


ပြည်ထောင်စုနယ်မြေ  နေပြည်တော်တွင်  ကိုဗစ်-၁၉   ရောဂါ   ကာကွယ်ဆေးများ   ထိုးနှံပေးလျက်ရှိရာ နေပြည်တော်ကောင်စီ   ဥက္ကဋ္ဌ    ဒေါက်တာမောင် မောင်နိုင်၊ ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ သည် ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှိ ကာကွယ်ဆေး ထိုးနှံရေး  စင်တာတွင်  ကာကွယ်ဆေးထိုးနှံပေးနေမှု ကြည့်ရှုအားပေးသည်။ 
ထို့နောက်   နေပြည်တော်  ကောင်စီဥက္ကဋ္ဌနှင့်  အဖွဲ့ဝင်များသည်  ကာကွယ်ဆေးလာရောက် ထိုးနှံ ကြသည့်သူများကို   ရင်းရင်း နှီးနှီး     နှုတ်ဆက်အားပေး ရာ ကာကွယ်ဆေးလာရောက်  ထိုးနှံကြသူများက     ကာကွယ်ဆေး  ထိုးနှံပေးနေမှုနှင့်    ပတ်သက်ပြီး တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့်         ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ပျဉ်းမနားမြို့နယ်တွင်    ကိုဗစ်-၁၉  ရောဂါ         ကာကွယ်ဆေး (Sinopharm)ကို ဒုတိယအသုတ် ပထမအကြိမ်ထိုးနှံရာတွင်  ယခင်ကာကွယ်ဆေး   ထိုးနှံခွင့်ရရှိသူများမှ      အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိခဲ့သူများ၊  နာတာရှည်ရောဂါ    ခံစားနေရသူများ၊ မသန်စွမ်းသူများနှင့် အသက် ၅၅ နှစ်မှ ၆၄ နှစ် အကြား    အသက်ကြီးသူများကို    စက်တင်ဘာ  ၁၆ ရက်မှ      စတင်ကာ    ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။                                        သတင်းစဉ်