
နေပြည်တော် ဩဂုတ် ၂၇
ပျဉ်းမနားမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ သာသနာ ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ဆွမ်းဆန်တော်၊ ဆီနှင့် ပဲ လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော် ပျဉ်းမနားမြို့ ဦးဗုဒ္ဓေါတောရကျောင်းတိုက်၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော် ပျဉ်းမနားမြို့ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံ ကျောင်းတိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ အမှူးပြုသော ဆရာတော်ကြီးသုံးပါး ကြွရောက် တော်မူကြပြီး သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် တာဝန်ရှိသူများ တက်ရောက် ကြည်ညိုသည်။
အခမ်းအနားတွင် ပျဉ်းမနား မြို့ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံ ကျောင်းတိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ ဆရာတော်ကြီးထံမှ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အမှူးပြု သော ဌာနဆိုင်ရာအကြီးအကဲများ က ငါးပါးသီလခံယူဆောက်တည် ကြပြီး ဆရာတော်ကြီးများ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် ရတနသုတ်၊ မေတ္တသုတ်၊ ပုဗ္ဗဏှ သုတ်ပရိတ်တရားတော်များ နာယူ ကြည်ညိုတော်မူကြသည်။
ယင်းနောက် ပျဉ်းမနားမြို့ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံ ကျောင်းတိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ ဆရာတော်ကြီးထံမှ ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များက အနုမောဒနာတရား နာကြားကြ ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေ ခဲ့ကြသည်။
ဆွမ်းဆန်တော် ဆက်ကပ် လှူဒါန်းပွဲတွင် ပျဉ်းမနားမြို့နယ် ရှိ ဘုန်းတော်ကြီးကျောင်း ၁၀ ကျောင်းနှင့် သီလရှင်ကျောင်း လေးကျောင်းတို့တွင် သီတင်းသုံး နေထိုင်တော်မူကြသော ရဟန်း၊ သာမဏေ ၆၁၂ ပါးနှင့် သီလရှင် ၁၂၇ ပါး စုစုပေါင်း ရဟန်း၊ သာမဏေ၊ သီလရှင် ၇၃၉ ပါး တို့ကို ဆွမ်းဆန်တော် ၇၄ အိတ်၊ ဆီ ၂၂၂ ပိဿာ၊ ပဲအိတ် ၃၀ တို့ကို လည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ် ရှိ ဘုန်းတော်ကြီးကျောင်း ခြောက်ကျောင်း၊ သီလရှင်ကျောင်း သုံးကျောင်းတို့တွင် သီတင်းသုံး နေထိုင်တော်မူကြသော ရဟန်း၊ သာမဏေ ၄၁၃ ပါး၊ သီလရှင် ၂၅၅ ပါး စုစုပေါင်း ရဟန်း၊ သာမဏေ ၄၁၃ ပါး၊ သီလရှင် ၂၅၅ ပါး၊ စုစုပေါင်း ရဟန်း၊ သာမဏေ၊ သီလရှင် ၆၆၈ ပါးတို့အား ဆွမ်း ဆန်တော် ၆၇ အိတ်၊ ဆီပိဿာ ၂၀၀၊ ပဲ၂၇ အိတ်တို့ကို ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်