
နေပြည်တော် ဖေဖော်ဝါရီ ၁၉
ပျဉ်းမနားမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက တတိယ အကြိမ် ဆွမ်းဆန်တော်လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီတွင် ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့ မင်္ဂလာဗျူဟာသာသနာ့ ဗိမာန်တော်ကြီး၌ ကျင်းပသည်။
တက်ရောက်ကြည်ညို
အခမ်းအနားသို့ ဥပ္ပါတသန္တိစေတီ တော်မြတ်ကြီး ဂေါပကအဖွဲ့ ဩဝါဒါ စရိယ၊ ပျဉ်းမနားမြို့ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ ဆရာတော်ကြီးအမှူးပြုသော ဆရာ တော်ကြီး ငါးပါး ကြွရောက်တော်မူ ကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြည်ညိုကြသည်။
ငါးပါးသီလခံယူဆောက်တည်
ရှေးဦးစွာ ဥပ္ပါတသန္တိစေတီတော် မြတ်ကြီးဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ နေပြည်တော် ပျဉ်းမနားမြို့ ပါဠိ တက္ကသိုလ် မင်္ဂလာဇေယျုံကျောင်း တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ ဆရာတော်ကြီးထံမှ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို အမှူးပြုသော ဌာနဆိုင်ရာအကြီး အကဲများက ငါးပါးသီလခံယူ ဆောက် တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် ရတန သုတ်၊ မေတ္တသုတ်၊ ပုဗ္ဗဏှသုတ် ပရိတ် တရားတော်များကို နာယူကြည်ညို ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး က သာသနာရေးဆိုင်ရာများ လျှောက် ထားရာတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွား နေစဉ်ကာလအတွင်း ဆရာတော် များ၏ ဆွမ်းဘောဇဉ်အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုနိုင်စေရန် ရည်သန်လျက် ဝန်ကြီး ဌာနက နေပြည်တော်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များသို့ ဆွမ်း ဆန်တော်များကို ၂၀၂၀ ပြည့်နှစ် မေလတွင် ၈၅၂ အိတ်၊ အောက်တိုဘာ လတွင် ၉၁၄ အိတ် လှူဒါန်းခဲ့ပါ ကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်မှစ၍ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးရှိ ဘုရားစေတီပုထိုးများအား ပြည်သူအများ ဖူးမြော်ကြည်ညိုခွင့် ရရှိနိုင်ရေး ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ပေးနိုင်ခဲ့ပါကြောင်း၊ ပရိယတ္တိ၊ ပဋိပတ္တိသာသနာတော် တိုးတက် ထွန်းကားစေရန်နှင့် ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီး တည်တံ့ ဝေစည်နိုင်စေရန်အတွက် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ဆက်လက်ဆောင် ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယနေ့ ဆည်းပူးအားထုတ်ရသော ကုသိုလ် ကောင်းမှုများကြောင့် ကိုဗစ်-၁၉ ကပ်ဘေးမှ ကင်းဝေးနိုင်ကြပြီး အေးချမ်းသာယာနိုင်ပါစေကြောင်း လျှောက်ထားသည်။
ဆက်ကပ်လှူဒါန်း
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များက ဆရာတော်ကြီးများအား လှူဖွယ် ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန်တော် များ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ဥပ္ပါတသန္တိစေတီတော် မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါ စရိယ၊ ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက်၊ ပဓာန နာယက ဆရာတော် ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ ဆရာတော်ကြီးထံမှ ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များက အနုမောဒနာတရား နာကြားကြသည်။
ပျဉ်းမနားမြို့နယ်နှင့် ပုဗ္ဗသီရိ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်ကျောင်းများ အား ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်းခဲ့ရာ ပျဉ်းမနားမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း ၁၀ ကျောင်း၊ သီလရှင်ကျောင်း လေးကျောင်းတို့တွင် သီတင်းသုံး နေထိုင်တော်မူကြသော ရဟန်း၊ သာမဏေ ၆၁၂ ပါး၊ သီလရှင် ၁၂၇ ပါး၊ ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၇၃၉ ပါးတို့အား ဆွမ်းဆန် တော် ၁၁၃ အိတ်၊ ပုဗ္ဗသီရိမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း ခြောက် ကျောင်း၊ သီလရှင်ကျောင်း သုံးကျောင်း တို့တွင် သီတင်းသုံး နေထိုင်တော်မူကြ သော ရဟန်း၊ သာမဏေ ၄၁၃ ပါး၊ သီလရှင် ၂၅၅ ပါး၊ ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၆၆၈ ပါးတို့အား ဆွမ်းဆန်တော် ၁၀၁ အိတ် လှူဒါန်းခဲ့ သဖြင့် ယနေ့ ဆွမ်းဆန်တော် လှူဒါန်းပွဲ အခမ်းအနားတွင် ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၁၄၀၇ ပါးတို့အား ဆွမ်းဆန်တော် ၂၁၄ အိတ် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်