ပျဉ်းမနား၊ မြိတ်နှင့် မိုင်းဆတ်မြို့နယ်တို့၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော်   ဇန်နဝါရီ   ၁၈  
နေပြည်တော်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၆ ရက်  မွန်းလွဲ ၃ နာရီတွင်   ပျဉ်းမနားမြို့  ပေါင်းလောင်း(၃)ရပ်ကွက်  ပေါင်းလောင်း (၁၆) လမ်းရှိ   မကြူမိုးသန့်၏  နေအိမ်ကို ဝင်ရောက်ရှာဖွေရာ   စိတ်ကြွရူးသွပ်ဆေး  ၁၁၂၉၁   ပြားနှင့်   အိုက်စ် ၀ ဒသမ ၆ ကီလို ကိုလည်းကောင်း။ 
ဇန်နဝါရီ ၁၇ ရက်  မွန်းလွဲ ၁ နာရီခွဲတွင် မြိတ်မြို့နယ်  မြိတ်တောင် ကျေးရွာအုပ်စု     မြိတ်တောင်ကျေးရွာ    ချမ်းမြေ့သာယာရပ် ချမ်းမြေ့ သာယာ(၉)လမ်းနေ မသစ်သစ်ဝေ (ခ) ဒေါ်ပု၏ နေအိမ်ကို ဝင်ရောက် ရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား  ၄၀၀၀  သိမ်းဆည်းရမိခဲ့ကြောင်း၊ အလားတူ ထိုနေ့ ည ၇ နာရီခွဲတွင် မြိတ်မြို့နယ်  စန္ဒဝတ်ကျေးရွာအုပ်စု စန္ဒဝတ်ကျေးရွာ  မြို့ပတ်(၁)လမ်းတွင်  မသင်္ကာဖွယ်တွေ့ရှိသူ မဇင်မိုးအိ ကို  စစ်ဆေးရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ သိမ်းဆည်း ရမိခဲ့ပြီး ည ၈ နာရီခွဲတွင်  မြိတ်မြို့နယ်  ကလွင်ကျေးရွာအုပ်စု  ကလွင် ကျေးရွာ   တက္ကသိုလ်ရပ်  စိမ်းလဲ့သာယာ (၁) လမ်းရှိ ၎င်း၏နေအိမ်ကို ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၀၀ ကိုလည်းကောင်း၊   ယင်းနေ့ညပိုင်းတွင်   မိုင်းဆတ်မြို့နယ် မယ်ပုလုံကျေးရွာအုပ်စု ဂျူးလူ ကျေးရွာအနီး  မိုင်းဆတ် - မိုင်းတွမ်းသွား ကားလမ်းမပေါ်တွင် ပတ်ကျုပ် ဘွန်ရော့(ခ)ကျလွန် ထပ်ကျိုင်း မောင်းနှင်လာသော ဆိုင်ကယ်ကို  ရပ်တန့် စစ်ဆေးရှာဖွေရာ   စိတ်ကြွရူးသွပ်ဆေးပြား  ၇၂၀၀၀ ကို  လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့်   ၎င်းတို့အား   မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။                       

  (ရဲပြန်ကြား)