ပျဉ်းမနား၊ ဘားအံနှင့် မိုးကုတ်မြို့နယ်တို့၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော်   နိုဝင်ဘာ   ၁၁ 


လုံခြုံရေးတပ်ဖွဲ့ဝင်များ    ပါဝင်  သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၈ ရက် ညပိုင်းတွင် ပျဉ်းမနားမြို့ နယ်   ပြည်ထောင်ကိုးကျေးရွာ အုပ်စု ပြဒက်ချောင်းကျေးရွာအနီး ရှိ  အောင်စိမ်း၏  တောင်ယာတဲ သို့ဝင်ရောက်ရှာဖွေရာ ခဲမောင်နှင့် မျိုးအောင်တို့ကို တွေ့ရှိရပြီး ၎င်း တို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၆၂ ပြား၊  ဘိန်းဆီခဲ  ၀ ဒသမ ၀၆၅၃၂ ကီလို ကိုလည်းကောင်း၊ နိုဝင်ဘာ ၁၀ ရက် ညနေ ၄ နာရီခွဲ  တွင်   ဘားအံခရိုင်    ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည်   ဘားအံမြို့နယ်   လှာ ကမြင်ကျေးရွာအုပ်စု   လှာကမြင် ကျေးရွာရှိ ကျော်လှစိုး၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၀၆၀ ကိုလည်းကောင်း။

 


ထို့နောက် နိုဝင်ဘာ ၁၀ ရက် ည ၈နာရီတွင်   မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး    ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည်        မိုးကုတ်မြို့နယ် ကျောက်တစ်လုံး  ကျေးရွာအုပ်စု ကျောက်တစ်လုံး   ကျေးရွာအနီး တွင် ချန်ဖူး(ခ)ထွန်းလွင် မောင်း နှင်လာသည့်ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ   ဘိန်းဖြူ   ၀  ဒသမ ၁၁ ကီလိုကို လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့်    ၎င်းတို့ ကို   မူးယစ်ဆေးဝါးနှင့်  စိတ်ကို ပြောင်းလဲစေသော    ဆေးဝါးများ ဆိုင်ရာဥပဒေအရ    အရေးယူထားကြောင်း သိရသည်။ 


ရဲပြန်ကြား