ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပနိုင်ရေး ကြိုတင်ညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်    ဇွန်   ၆
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပနိုင်ရေး    ကြိုတင်ညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည် တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့     ပြန်ကြားရေး ဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊     အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊  ဒုတိယဝန်ကြီး   ဗိုလ်ချုပ် ကိုလေး၊ ဦးရဲတင့်၊ ဒေါ်နုမြဇံ၊ ဒေါက်တာ အောင်ဇေယျ၊   ဦးထိန်လင်း၊   ဦးဇင်မင်း ထက်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော် အောင်၊    ဌာနဆိုင်ရာ    အကြီးအကဲများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
နိုင်ငံတော်အဆင့် ခမ်းခမ်းနားနား     ကျင်းပသွားမည်
ရှေးဦးစွာ      ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက      ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်ကို ဒီဇင် ဘာ  ၉ ရက်မှ ၂၀ ရက်အထိ  ဝဏ္ဏသိဒ္ဓိ အားကစားကွင်းတွင်  နိုင်ငံတော်အဆင့် ခမ်းခမ်းနားနား     ကျင်းပသွားမည်ဖြစ် ပြီး  ယနေ့အစည်းအဝေးတွင် အမျိုးသား အားကစားပွဲတော်ဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်း အနားအစီအစဉ်များကို သုံးသပ်ဆွေးနွေး သွားမည်ဖြစ်ပါကြောင်း၊ ယခင်ကျင်းပခဲ့ သည့် အမျိုးသားအားကစားပွဲတော်နှင့် ၂၀၁၃ ခုနှစ်တွင်  အိမ်ရှင်အဖြစ်   လက်ခံ ကျင်းပခဲ့သည့်      အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆောင်ရွက်ခဲ့မှုများ နှင့် ပေါင်းစပ်ပြီး ကျင်းပလျှင် သင့်တော် မည်ဟု အကြံပြုလိုပါကြောင်း၊ အနုပညာ ရှင်၊ အတတ်ပညာရှင်များလည်း ပါဝင် ဆွေးနွေးသွားမည်ဖြစ်ပြီး ဝန်ကြီးဌာနများ အနေဖြင့်    ဆောင်ရွက်လိုသည်များကို အသေးစိတ် ဆွေးနွေးကြစေလိုပါကြောင်း။
အနှစ်သာရရှိသည့်ပွဲတော်ကြီးတစ်ခုဖြစ်
အကြမ်းဖျင်းအားဖြင့်    ဖွင့်ပွဲကို ခမ်းခမ်းနားနားကျင်းပရန်    လျာထားပါ ကြောင်း၊      ပိတ်ပွဲအခမ်းအနားတွင် ဘောလုံးပွဲစဉ်၊   အမျိုးသားအားကစား ပွဲတော် ဂုဏ်ပြုတေးသီချင်းများ၊ စုပေါင်း သရုပ်ပြဖျော်ဖြေတင်ဆက်မှု  အစီအစဉ် များဖြင့်   ပိတ်သိမ်းသွားမည်   ဖြစ်ပါ ကြောင်း၊ အမျိုးသားအားကစားပွဲတော် သည် အမျိုးသားရေးအတွက် အနှစ်သာ ရရှိသည့် ပွဲတော်ကြီးတစ်ခုဖြစ်ပါကြောင်း၊ မျိုးချစ်စိတ်ကို ဖော်ညွှန်းသည့် တစ်နိုင်ငံ လုံး     ပါဝင်ဆင်နွှဲမည့်     ပွဲတော်တစ်ခု ဖြစ်ပြီး မြန်မာလူမျိုးဖြစ်ရသည်ကိုဂုဏ်ယူ သည့်စိတ်ဖြစ်အောင် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ကြည့်ရှုခံစားခဲ့ရ သည့် စိတ်ခံစားမှုမျိုး ပြန်လည်ရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ကြိုးစားလိုသည့် အားမာန်များရရှိစေမည်
 ပွဲတော်တစ်ပွဲ၏   အနှစ်သာရသည် ဖွင့်ပွဲတွင် မူတည်ပါကြောင်း၊ ဖွင့်ပွဲအခမ်း အနားကို ကြည့်ရှုပြီးမျိုးချစ်စိတ်၊ စည်းလုံး မှု၊  နိုင်ငံအတွက် တိုးတက်အောင် ကြိုးစား လိုသည့် အားမာန်များ ရရှိစေမည်ဖြစ်ပါ ကြောင်း၊ တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံး အားလုံးပူးပေါင်းပါဝင်သည့်     ပွဲတော် ဖြစ်သည့်အတွက်  အဓိပ္ပာယ်လေးနက်ပါ ကြောင်း၊    ပဉ္စမအကြိမ်    အမျိုးသား အားကစားပွဲတော် အောင်မြင်စွာကျင်းပ နိုင်ရေး ပိုမိုကောင်းမွန်သော အကြံပြုချက် များကို    ဆွေးနွေးကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက်     ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက နိုင်ငံ့ဂုဏ်ဆောင်ပွဲတစ်ခု တွင် အဓိကကျသည်မှာ  ဖွင့်ပွဲနှင့်ပိတ်ပွဲ ဖြစ်ပြီး   ဖွင့်ပွဲအခမ်းအနား   အစီအစဉ် (မူကြမ်း)  ကို   တင်ပြသွားမည်ဖြစ်ပါ ကြောင်း၊   ပဉ္စမအကြိမ်    အမျိုးသား အားကစားပွဲတော်ဖွင့်ပွဲတွင် နိုင်ငံတော် အလံကို Free Fall လေထီးဖြင့်  ကွင်း အတွင်းသို့    သယ်ဆောင်လွှင့်တင်မည် ဖြစ်ပြီး အဖွင့်သီချင်းကို အနုပညာရှင်များ၊ ကျောင်းသား  ကျောင်းသူများက  သီဆို ကပြဖျော်ဖြေမည် ဖြစ်ပါကြောင်း။
အစီအစဉ် ၁၇ ခုဖြင့် ကျင်းပရန်လျာထား
 မြန်မာနိုင်ငံ   ရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး၊   မြန်မာ နိုင်ငံသဘင် ပညာရှင်များအစည်းအရုံးနှင့် မြန်မာနိုင်ငံဟာသပညာရှင်များ အစည်း အရုံးတို့မှ ဖျော်ဖြေတင်ဆက်မှုအစီအစဉ် များလည်း ပါဝင်မည်ဖြစ်ပါကြောင်း၊  ဖွင့်ပွဲ ကို   အစီအစဉ်  ၁၇  ခုဖြင့်   ကျင်းပရန် လျာထားပါကြောင်း၊ ယခင်ကျင်းပခဲ့သည့် ပွဲတော်များကို မှီငြမ်း၍ ဖွင့်ပွဲနှင့် ပိတ်ပွဲ အစီအစဉ်များကို လျာထားခြင်းဖြစ်ပြီး လိုအပ်သလို ဝိုင်းဝန်းဖြည့်စွက်အကြံပြု ကြစေလိုပါကြောင်း ပြောကြားသည်။ 
ယင်းနောက်    ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က    နိုင်ငံတော်အဆင့်ပွဲတော် ဖြစ်သည့်အတွက် ထူးထူးခြားခြားဖြစ်စေ လိုပါကြောင်း၊ ပွဲတော်၏ ဖွင့်ပွဲနှင့် ပိတ်ပွဲ တွင်   ဆောင်ရွက်မည့်   Performance၊ ဖျော်ဖြေတင်ဆက်မှုများကို နိုင်ငံတကာ အဆင့်မီ     ဖြစ်စေလိုပါကြောင်း၊    မိမိ တက်ရောက်ခဲ့သည့် ပွဲတော်များ၏ Per-formance များ၊ Stage အပြင်အဆင်များ၊ မီးအလင်းအမှောင်ဒီဇိုင်းများကို   တင်ပြ သွားမည်ဖြစ်ပါကြောင်း၊ မြန်မာ့ဂုဏ်ဆောင် အားကစားပွဲတော်ကြီးအဖြစ်      ရသ ပေါ်လွင်အောင် ကျင်းပသွားမည်ဖြစ်ပြီး အကြံပြု     ဆွေးနွေးကြစေလိုပါကြောင်း ပြောကြားသည်။ 
ဆက်လက်၍      ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်က ဖွင့်ပွဲပိတ်ပွဲအစီအစဉ်များ ရေးဆွဲရာတွင်    အဓိကအခြေခံရမည့် အချက်၊   အစီအစဉ်လျာထားချက်များ၊ ဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားတွင် သရုပ်ပြ သီဆိုဖျော်ဖြေတင်ဆက်မည့် တေးသီချင်း၊ တေးသရုပ်ဖော်များနှင့်      စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက်    ဒုတိယဝန်ကြီးများ၊ အနုပညာရှင်၊ အတတ်ပညာရှင်များနှင့် တက်ရောက်လာသူများက ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင် စွာကျင်းပနိုင်ရေး ကဏ္ဍအလိုက် ဆွေးနွေး တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးများက ပေါင်းစပ်ညှိနှိုင်းဆွေးနွေးသည်။ 
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက    နိဂုံးချုပ်အမှာ စကား ပြောကြားခဲ့သည်။    

သတင်းစဉ်