ပန်းတနော်မြို့နယ် မင်းတစုချောင်း ငါးသယံဇာတထိန်းသိမ်းရေးဇုန်အတွင်း ငါးမျိုးစိုက်ထည့်

 

နေပြည်တော်  နိုဝင်ဘာ  ၁၃


ဧရာဝတီတိုင်းဒေသကြီး မအူပင် ခရိုင်     ပန်းတနော်ငါးလုပ်ငန်း စခန်းမှ     ပန်းတနော်မြို့နယ် မင်းတစုကျေးရွာအုပ်စု မင်းတစု ချောင်း  ငါးသယံဇာတထိန်းသိမ်း ရေးဇုန်အတွင်း           ငါးမျိုးများ စိုက်ထည့်ခြင်း  အခမ်းအနားကို နိုဝင်ဘာ   ၁၂  ရက်က  ကျင်းပသည်။

 


ငါးမျိုးစိုက်ထည့်ပွဲသို့   တိုင်း ဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးဌာနမှူး ဦးသော် ထွန်းဦး၊ မအူပင်ခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးဆန်းဝင်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူး  မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ် ငါးမျိုးစိုက်ထည့်ခြင်း  ကြီးကြပ် စိစစ်ရေးအဖွဲ့ဝင်များ၊ ရေလုပ်သား များ၊    ငါးမွေးတောင်သူများ တက်ရောက်ပြီး    ငါးသယံဇာတ ထိန်းသိမ်းရေး     ဇုန်အတွင်း နှစ်လက်မအရွယ်        ငါးမြစ်ချင်း သားပေါက်ကောင်ရေ တစ်သိန်း၊ ငါးခုံးမကြီး သားပေါက်ကောင်ရေ သုံးသိန်း   စုစုပေါင်း သားပေါက် ကောင်ရေ            လေးသိန်း မျိုးစိုက်ထည့်ခဲ့ကြောင်း      သိရသည်။ 

သတင်းစဉ်