ပန်းတောင်းမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား သွားရောက်အားပေးထောက်ပံ့

 

ပန်းတောင်း   ဇူလိုင်   ၁၇


ဧရာဝတီမြစ်ရေမြင့်တက်ခဲ့မှုကြောင့်   ပန်းတောင်း မြို့နယ်ရှိ   မြစ်ကမ်းဘေးရှိ   အနိမ့်ပိုင်းရပ်ကွက်/ ကျေးရွာများရှိ ရေဘေးသင့်ပြည်သူများအား ယမန် နေ့ နံနက်ပိုင်းက   ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီးတို့      သွားရောက်အားပေး ထောက်ပံ့ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီး  ဝန်ကြီးချုပ်နှင့်ဇနီးတို့ သည် ပန်းတောင်းမြို့ ပေါ်တော်မူ (ရှင်ဖြူ)ဘုရားရှိ ရေဘေးကယ်ဆယ်ရေးစခန်းသို့    သွားရောက်၍ ရေဘေးသင့်ပြည်သူများကို အားပေးစကား ပြောကြား ခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့် အာဟာရမုန့် များကိုလည်းကောင်း၊     ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၏ ဆန်ရိက္ခာဖိုး နှစ်ပတ်စာ ထောက်ပံ့ ငွေကျပ် ၄၆၄၉၄၀ဝ အားလည်းကောင်း ထောက်ပံ့ ပေးအပ်ခဲ့သည်။ ယင်းနောက် ရေဝင်ရောက်သည့် ရပ်ကွက်/ ကျေးရွာများအတွင်း ရေပြန်လည်ကျဆင်း သွားပါက အများနှင့်သက်ဆိုင်သည့် နေရာများဖြစ် သည့် စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေးအဆောက် အအုံ စသည်တို့အား တစ်ပါတည်း သန့်ရှင်းရေးပြုလုပ် ရန်၊ ကျန်းမာရေးဆိုင်ရာ     ကူးစက်ရောဂါဖြစ်ပွားမှုမရှိ စေရေး စစ်ဆေးဆောင်ရွက်ရန်၊ ရေဘေးကယ်ဆယ် ရေးစခန်းအလိုက်  ဌာနဆိုင်ရာပူးပေါင်းပါဝင်သည့် အဖွဲ့များဖြင့် ကြီးကြပ်စောင့်ရှောက်ရန်   မှာကြား သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ သည် ပန်းတောင်းမြို့နယ် ဧရာဝတီမြစ်ကမ်းဘေး မြေနိမ့်ပိုင်းရှိ ရပ်ကွက်/ကျေးရွာများအတွင်း ရေဝင် ရောက်နေမှုအား လိုက်လံကြည့်ရှုစစ်ဆေးပြီး ရေဝင် ရောက်ခဲ့သည့် ဌာနဆိုင်ရာများအတွက် ထောက်ပံ့ငွေ များ ပေးအပ်သည်။   ယင်းနောက် ပန်းတောင်း-ဥသျှစ်ပင်မြို့ ကားလမ်းတစ်လျှောက် ဧရာဝတီမြစ်ရေ ဝင်ရောက်မှု အခြေအနေများကို  လှည့်လည်ကြည့်ရှု ခဲ့ပြီး    ရေအမြန်ဆုံး  ပြန်လည်ကျဆင်းစေရေးနှင့် ရေဝပ်ကျန်ရှိမှုမရှိစေရေး   စစ်ဆေးဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပန်းတောင်းမြို့နယ်     ရွှေကျောင်းကုန်းကျေးရွာ၌ ပေါင်ကြီးတင်စနစ်ဖြင့်    မိုးနှမ်း(ဆင်းရတနာ-၃) ၁၀ ဧက      စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုကို ကြည့်ရှုအားပေးပြီး      ဒေသခံတောင်သူများနှင့် တွေ့ဆုံအမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)